Thursday, June 25, 2026

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ...

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း...

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...
HomeInternationalအဓမ္မကျင့်သူကို သတ်သည့် မက္ကဆီကို...

အဓမ္မကျင့်သူကို သတ်သည့် မက္ကဆီကို အမျိုးသမီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

မက္ကဆီကို နိုင်ငံရှိ တရားရုံးတစ်ခုသည် ၄င်းကို အဓမ္မကျင့်သူအား သတ်ခဲ့သည့် အမျိုးသမီးတစ်ဦးအား ဥပဒေအရ ခုခံပိုင်ခွင့် ကို အလွန်အကျွံ အသုံးပြုမှုဖြင့် မေလ ၁၅ ရက် တနင်္လာနေ့တွင် ထောင်ဒဏ် ၆ နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းသည် ကြားရသူအပေါင်းကို အလွန်အမင်းဒေါသထွက်စေပြီး နိုင်ငံတကာ သတင်းစာများ၏ ခေါင်းကြီးပိုင်းများတွင် တစ်ပတ်လုံးလုံး ဖော်ပြခံနေရသည်။

ထိုအမျိုးသမီး၏ အမည်မှာ ရိုဇာနာ ရူအိ့စ် ဖြစ်ပြီး မက္ကဆီနိုင်ငံ၊ နိတ်ဇာဟွာကိုယိုတို မြို့တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် တစ်ခုလပ် မိခင်တစ်ဦးဖြစ်သည်။

ဖြစ်စဉ်မှာ ရူအိ့စ် သည် ၂၀၂၁ ခုနှစ်၊ မေလတွင် အာလူးကြော်ရောင်းသည့် အလုပ်မှ အပြန်၌ သူငယ်ချင်းတစ်ဦးနှင့်အတူ ဘီယာသောက်ထွက်ခဲ့သည်။ ထိုစဉ် သူနေထိုင်သည့် ရပ်ကွက်တစ်ဝိုက်မှ တွေ့ဖူးနေကြ အမျိုးသားတစ်ဦးနှင့် ဆုံခဲ့ပြီး ဘီယာအတူ သောက်ဖြစ်ခဲ့ကြသည်။ ထို့နောက် အဆိုပါအမျိုးသားသည် ရူအိ့စ် အား အိမ်ပြန်ပို့ပေးခဲ့ပြီး ညဉ့်နက်နေပြီဖြစ်သောကြောင့် တစ်ညလောက် တည်းခိုခွင့်ပြုရန် ခွင့်တောင်းခဲ့သည်။

အိပ်ခွင့်ရပြီးနောက် ထိုလူသည် ညသန်းခေါင်အရောက်တွင် ရူအိ့စ် ၏ အိပ်ရာပေါ်သို့ ခိုးဝင်လာပြီး ရိုက်နှက်ကာ အဓမ္မကျင့်ခဲ့သည်။ ရူအိ့စ် သည်လည်း ပြန်လည်ခုခံရင်း ထိုလူအား အင်္ကျီဖြင့် လည်ပင်းညစ်ကာ သတ်မိသွားသည်။ ထို့နောက် ကြောက်ကြောက်လန့်လန့်ဖြင့် အလောင်းအား အိတ်ထဲထည့်၍ လမ်းပေါ်သို့ တရွတ်တိုက် ဆွဲသွားချိန် ရဲများက တွေ့ရှိသွားသဖြင့် အဖမ်းခံခဲ့ရသည်။

“ကျွန်မ လုပ်ခဲ့တာအတွက် နောင်တရပါတယ်။ ဒါပေမယ့် အဲလိုတာ မလုပ်ခဲ့ရင် အခုအချိန်အထိ အသက်ရှင်လျက် ရှိနေမှာ မဟုတ်ပါဘူး” ရူအိ့စ် က အေပီ သတင်းဌာနသို့ ပြောခဲ့သည်။

ရူအိ့စ် သည် လူသတ်မှုဖြင့် ထောင်တွင် ကိုးလကြာ နေခဲ့ရပြီး တနင်္လာနေ့၌ တရားစီရင်ခံခဲ့ရာ ထောင်ဒဏ် ၆ နှစ်အပြင် အဓမ္မကျင့်သူ၏ မိသားစုအား လျော်ကြေးငွေအဖြစ် ဒေါ်လာ ၁၆,၀၀၀ ပေးဆောင်ခဲ့ရသည်။ ရူအိ့စ် ၏ ရှေ့နေကမူ ထိုစီရင်ချက်သည် တရားမျှတမှုမရှိဟု ဆိုကာ အယူခံဝင်သွားမည်ဟု ကတိပြုခဲ့သည်။

Source: Odditycentral

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနား ရန်ကုန်တွင် ကျင်းပ

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီယဥ်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)

ဂျပန်တွင် ရစ်ခ်တာစကေး ၇ ဒသမ ၂ ရှိ ငလျင်လှုပ်၊ လူ ၄ ဦးထက်မနည်း ဒ-ဏ်ရာရ

တိုကျို၊ ဇွန်လ ၂၅ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကြာသပတေးနေ့ နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူလေးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။ ပဏာမပြင်းအား ၆.၉ မှ ပြန်လည်ပြင်ဆင်ထားသည့် အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၇:၃၀ နာရီခန့်တွင် အီဝါတဲ စီရင်စုအရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၄၀ ခန့်အနက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ တွင် ဒုတိယအမြင့်ဆုံးအဆင့်၊ အထက် ၆၊ ဟာရှီကာမိမြို့နှင့် အအိုမိုရီ စီရင်စုရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071