အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ ခရိုင်အုပ်ချုပ်ရေးကော် မတီမှကြီးမှူး၍ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ခေါင်းစဉ်ဖြင့် မနောပွဲတော်ကို မုံးကိုးမြို့၊ ရပ်ကွက်(၄) ရှိဘောလုံးကွင်း၌စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မနောပွဲတော်အား တိုင်းရင်းသားလူမျိုးပေါင်းစုံကြား ဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် ပေါင်း စည်းမှုပိုမိုမြှင့်တင်ရန်၊ အပြန်အလှန်ရိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်မှုကိုနက်ရှိုင်းစေရန်၊ အထူးဒေသ၏ လူမျိုးရေးတန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုပုံရိပ်ကောင်းပေါ်လွင်စေရန်ရည်ရွယ်၍ ကျင်းပရန်ပြင်ဆင်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ မနောပွဲကျင်းပမည့် ဘောလုံးကွင်းအား ဘိလပ်မြေလမ်းခင်းခြင်း၊ ရှေးဟောင်းမနောတိုင်(မ နောရှေထိုင်)ကိုပြုပြင်မွမ်းမံခြင်း၊ လုပ်ငန်းဆောင်တာ အပြည့်အစုံပါဝင်သော မနောအိမ်သစ်ဆောက်လုပ်ခြင်း၊ ညပိုင်းဖျော်ဖြေပွဲစင်မြင့်၊ LED များကိုတပ်ဆင်ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
