Saturday, June 21, 2025

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ...

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...
HomeInternationalအထိန်းသိမ်းခံဒူတာတေး မြို့တော်ဝန်ရွေးကောက်ပွဲတွင် အနိုင်ရ

အထိန်းသိမ်းခံဒူတာတေး မြို့တော်ဝန်ရွေးကောက်ပွဲတွင် အနိုင်ရ

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုစွဲချက်ဖြင့် နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ) တွင် ထိန်းသိမ်းခံထားရသည့် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးသည် ၎င်း၏ မွေးရပ်မြို့ မြို့တော်ဝန်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်(Comelec) ၏ ရလဒ်များအရ ဒူတာတေးသည် မဲအရေအတွက် ၄၉,၀၀၀ ရထားသော သူ၏ အနီးကပ်ဆုံးပြိုင်ဘက်ကို ၄၀၅,၀၀၀ မဲဖြင့် အပြတ်အသတ်ဦးဆောင်ထားသည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြသည်။

မဲ ၈၀ ရာခိုင်နှုန်းကို ရေတွက်ထားသည့် တရားဝင်မဟုတ်သေးသော စာရင်းအရ ဒူတာတေးသည် သူ၏ အနီးကပ်ဆုံးပြိုင်ဘက်ထက် မဲ ၈ ဆကျော်ပိုရကာ ဒါဗာအိုမြို့တော်ဝန်ရွေးကောက်ပွဲကို အနိုင်ရခဲ့ပြီဟု ဆိုသည်။

လူထောင်ချီ‌ေ-သဆုံးခဲ့သည့် သူ၏ မူးယ-စ်နှိမ်နင်းရေးစစ်ပွဲနှင့် ဆက်စပ်၍ မတ်လတွင် ဒူတာတေးကို သည်ဟိဂ်သို့ ပို့ဆောင်ခဲ့သည်။

နိုင်ငံတစ်ဝန်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းသည် တောင်ပိုင်းမြို့၌ အသက် ၈၀ အရွယ် သမ္မတဟောင်း၏ တာရှည်ခံသော သြဇာလွှမ်းမိုးမှုကို သက်သေပြခဲ့သည်။

ဒူတာတေး၏ ဖေ့စ်ဘုတ်အကောင့်ဟောင်းတွင် သူ့ကိုထောက်ခံသူများ၏ ဝမ်းမြောက်ဂုဏ်ယူကြောင်း မှတ်ချက်များဖြင့် ပြည့်နှက်နေပြီး ပြည်သူများအတွက် တာဝန်ပြန်ထမ်းဆောင်ပေးရန် အချို့ တောင်းဆိုထားခဲ့သည်။

“ဂုဏ်ယူပါတယ် အဖေ။ သူ့ကို အိမ်ပြန်ခေါ်ကြစို့” ဟု မှတ်ချက်တစ်ခုတွင် ရေးထားသည်။

ဒူတာတေးသည် အိုင်စီစီတွင် ရုံးတင်စစ်ဆေးခံရသည့် အာရှတိုက်မှ ပထမဆုံး နိုင်ငံခေါင်းဆောင်ဟောင်းဖြစ်လာနိုင်သည်။

အိုင်စီစီ၏ တောင်းဆိုချက်အရ ဖိလစ်ပိုင်ရဲများက သူ့ကို ရုတ်တရက်ဖမ်းဆီးခဲ့ခြင်းသည် သူ့ကို ထောက်ခံသူအသိုင်းအဝိုင်းအား ဒေါသထွက်စေခဲ့ပြီး နိုင်ငံခြားတရားရုံးတစ်ခု၏ တောင်းဆိုချက်အရ ပြန်ပေးဆွဲလိုက်ခြင်းဟု ခေါ်တွင်ခဲ့ကြသည်။

မူးယ-စ်ဆေးဝါး တိုက်ဖျက်ရေး ဖြိုခွင်းမှုများနှင့် ပတ်သက်၍ သူက ခုခံကာကွယ်ခဲ့ပြီး သူ့ကို ဖမ်းဆီးမှုသည် ဥပဒေနှင့် မညီဟု သူ၏ ရှေ့နေအဖွဲ့က ပြောကြားခဲ့သည်။

ဒူတာတေးသည် ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံကို အိုင်စီစီမှ နုတ်ထွက်ခဲ့သော်လည်း ယင်းမတိုင်ခင်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု အိုင်စီစီက ပြောဆိုထားသည်။

Ref: အေဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်

သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၂)သံမဏိစက်ရုံ(မြောင်းတကာ)၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။ သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သည့်လုပ်ငန်းဖြစ်၍ စက်ရုံအနေဖြင့် တာဝါတိုင်များ၊ တံတားသံဘောင်များကို စနစ်တကျဆက်လက်ထုတ်လုပ်သွားရန်ပြီး အဓိကအားဖြင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် Deformed Bar များလိုအပ်သဖြင့် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ " ဆောက်လုပ်ရေးသုံး သံမဏိတွေကို ပြည်ပကနေနှစ်စဉ်ဝယ်ယူနေရရင် နိုင်ငံတော်အတွက် ငွေကြေးကုန်ကျမှုများပြားနေအုံးမှာဖြစ်လို့ ပြည်တွင်းမှာ လုံလောက်စွာထုတ်လုပ်နိုင်ဖို့အတွက် ရှိပြီးဖြစ်တဲ့...

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေကျော်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း...

ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025" ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ASEAN -Korea...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071