Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeNewsLocal Newsအထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက...

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၆၇)သန်း ကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်ပေးနိုင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက် (၁၄)မိုင်ခန့် အကွာ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၆၇)သန်း ကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျားပေ (၁၈၀၀) ၊ အမြင့်ပေ (၂၃၀) ရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင် ပမာဏမှာ (၁၀၄၀၀၀) ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၅၁) မဂ္ဂါဝပ်မှ နှစ်စဉ်ပျမ်းမျှလျှပ်စစ် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၂၆၇) သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်သည်။

ယခုအခါ စီမံကိန်းတစ်ခုလုံး၏ (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်ကျိုင်းတောင်းရေအား လျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများနှင့် လက်ရှိကျိုင်းတောင်းရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို (၂၃၀) ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် နမ့်စန်ပင်မ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်၍ နိုင်ငံတော် ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းကို ပြီးခဲ့သည့် ၂၀ဝ၈ -၂၀ဝ၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲခန့်တွင် ရောက်ရှိနေကြောင်း အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေကျော်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း...

ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025" ပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ အာဆီယံနိုင်ငံများမှ အစပျိုးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ASEAN -Korea...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ညွှန်ကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ "စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့မှာ စက်သုံးဆီဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့အတွက် စက်သုံးဆီသယ်ယူ ရောင်းချမှုအဆင်ပြေချောမွေ့စေရေးနဲ့ စက်သုံးဆီသယ်ယူရောင်းချရာမှာအခက်အခဲ၊လိုအပ်ချက်တွေကို ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးဖို့အတွက် အခုအစည်းအဝေးကို ကျင်းပရတာ ဖြစ်ပါတယ်။ စက်သုံးဆီလုပ်ငန်းရှင်တွေကလည်း မိမိတို့ဆိုင်က ရောင်းချဖို့ စက်သုံးဆီတွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071