ဖေဖော်ဝါရီ ၂၄
အဆိုတော် ရိုဘတ်တာ ဖလက်ခ် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမ၏ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။
အာအင်န်ဘီ အဆိုတော်ရိုဘတ်တာ ဖလက်ခ်သည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ၎င်း၏ “The First Time I Saw Your Face” သီချင်းဖြင့် လူကြိုက်များကျော်ကြားလာခဲ့သည်။
သူ၏နာမည်ကြီးသီချင်းဖြစ်သော “Killing Me Softly With His Song” သီချင်းကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဖူဂီး အဖွဲ့က ပြန်လည်သီဆိုခဲ့ပြီး ထိုသီချင်းတွင် လိုင်ယမ် ဟီးလ် က အဓိကသီဆို ဖျော်ဖြေခဲ့သည်။
ရိုဘတ်တာ ဖလက်ခ် သည် အခြားသော ပေါ့ပ် နှင့် အာအင်န်ဘီ သီချင်းများစွာကို ဒုံနီ ဟယ်သာဝေ၊ လီနော့ ကိုဟန်း၊ ဘာ့ ဘာချာရာ့ချ် တို့နဲ့အတူ သီဆိုခဲ့ပါသည်။ ဖလက်ခ်သည် ဂီတလောကတွင် သက်တမ်းကြာရှည် စွာအောင်မြင်မှုရရှိခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။
သူ၏နောက်ဆုံးအယ်လ်ဘမ်သည် ၂၀၁၂ ခုနှစ်ထုတ် “Let It Be Roberta” ဖြစ်ပြီး၊ ဘီတဲလ်သီချင်းများကို ပြန်လည်သီဆိုထားသည့် အယ်လ်ဘမ် တစ်ခုဖြစ်သည်။
ဖလက်ခ်ကို ၁၉၃၇ခုနှစ်တွင် မြောက်ကာရိုလိုင်းနား၌ မွေးဖွားခဲ့ပါသည်။ သူသည်တနင်္လာနေ့တွင်သေဆုံးခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကိုထုတ်ပြန်ခြင်းမရှိပေ။
၂၀၁၈ ခုနှစ်တွင်, ရိုဘတ်တာ ဖလက်ခ် သည် အပိုလို ပြဇာတ်ရုံတွင် ဖျော်ဖြေနေစဉ် နာမကျန်းမှုကြောင့် ပြဇာတ်ရုံမှထွက်ခွာခဲ့ရပြီး ၎င်း၏ မန်နေဂျာများက ၎င်းသည် လွန်ခဲ့သောနှစ်များက ကိုယ်တွင်းသွေးကြောပိတ်ခြင်း၊လေဖြတ်ခြင်း ခံခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်, ၎င်း၏ ကိုယ်စားလှယ်က ALS ရောဂါ ဖြစ်ပွားခဲ့သည်ဟု ကြေညာခဲ့သည်။
ရိုဘတ်တာသည် ကွယ်လွန်ချိန်၌ အသက် ၈၈ နှစ်ရှိပြီ ဖြစ်သည်။ Ref: တီအမ်ဇက်
