Friday, August 7, 2026

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...
HomeInternationalအဆင်းရဲဆုံးနိုင်ငံများအတွက်ကမ္ဘာ့ဘဏ်ကိုဒေါ်လာ၄ဘီလျံ ထည့်မည်-- ဘိုင်ဒင်

အဆင်းရဲဆုံးနိုင်ငံများအတွက်ကမ္ဘာ့ဘဏ်ကိုဒေါ်လာ၄ဘီလျံ ထည့်မည်– ဘိုင်ဒင်

အသုံးစရိတ်ဖြတ်တောက်မှုများလုပ်လာမည့် ဒေါ်နယ်ထရမ့်ပ် ရာထူးတာဝန် မထမ်းဆောင်မီတွင် အဆင်းရဲဆုံးနိုင်ငံများကို အကူအညီပေးရေးဆိုင်ရာ ကမ္ဘာ့ဘဏ်ရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ ၄ ဘီလျံထည့်ဝင်သွားမည့် ဟုအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံချိန်၌ သူ၏ နောက်ဆုံးအကြိမ် ပါဝင်မှုဖြစ်သော ရီယိုဒီဂျနေရိုးတွင် ပြုလုပ်နေသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ ရာထူးနုတ်ထွက်တော့မည့် ခေါင်းဆောင်က နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အတွက် ရန်ပုံငွေကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

“အမေရိကန်ပြည်ထောင်စုက သုံးနှစ်တာကာလအတွက် ဒေါ်လာ ၄ ဘီလျံ ကတိပြုဖို့ ရည်ရွယ်ထားတယ်ဆိုတာကို သမ္မတက ဒီနေ့မှာ ကြေညာသွားခဲ့ပြီး ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပါ” ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များကို ပြောဆိုသည်။

အဆိုပါ ကတိကဝတ်သည် နောက်တက်လာမည့် ထရမ့်ပ် အစိုးရအဖွဲ့အတွက် မဖြစ်မနေဆက်လက်ဆောင်ရွက်ရမည့် သဘောတူညီချက်မျိုးမဟုတ်သော်လည်း ယခင် ရီပတ်ဘလီကန်အစိုးရများလက်ထက်က ယင်းကဲ့သို့ ရန်ပုံငွေ လျာထားချက်များကို ထောက်ခံခဲ့ကြသည်ဟု အထက်ပါအရာရှိက ပြောဆိုသည်။

ယင်းရန်ပုံငွေ ကတိကဝတ်သည် သမိုင်းဝင် ကတိပြုချက်ဟု အမေရိကန်နိုင်ငံတော်လုံခြုံရေး ဒုတိယအကြံပေး ဂျွန်ဖင်နာက အစောပိုင်းတွင် ပြောဆိုခဲ့ပြီး ဘိုင်ဒင်၏ ကတိပြုချက်ကြောင့် အခြားခေါင်းဆောင်များသည်လည်း သူတို့၏ ရန်ပုံငွေထည့်ဝင်မှုကို မြှင့်တင်လိုစိတ်ဖြစ်လာစေမည်ဟု ဆိုခဲ့သည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့သည် ကမ္ဘာ့ဘဏ်၏ ချေးငွေအခွင့်အလမ်းဆိုင်ရာ အဖွဲ့တစ်ခုဖြစ်ပြီး ရာသီဥတုဆိုင်ရာ စီမံကိန်းများအတွက် အပါအဝင် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံအချို့အတွက် အသုံးပြုသည်။

ဇန်နဝါရီ ၂၀ ရက်တွင် အိမ်ဖြူတော်သို့ တကျော့ပြန်ရောက်ရှိလာမည့် ရွေးကောက်ခံသမ္မတ ထရမ့်ပ် ရာထူးမယူမီ သူ၏ခြောက်ရက်တာတောင်အမေရိကခရီးစဉ်အတွင်း ဘိုင်ဒင်သည် သူထားရစ်ခဲ့မည့် နိုင်ငံတကာ အစီအမံများကို ကျားကန်ပေးရန် ကြိုးစားနေခဲ့သည်။

Ref: အင်န်ဒီတီဗီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ယင်းနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071