Saturday, June 21, 2025

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန်...

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍...

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့)...

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...
HomeInternationalအစ္စတန်ဘူလ်တွင် စကားဝိုင်းဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု...

အစ္စတန်ဘူလ်တွင် စကားဝိုင်းဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု ဇယ်လင်စကီးဆို

ယူကရိန်းနိုင်ငံသည် မေလ ၁၂ ရက်ကတည်းက စစ်ရေးရပ်စဲရေးကို စောင့်မျှော်နေပြီး မေလ ၁၅ ရက်တွင် တူရကီနိုင်ငံ၌ ရုရှားနှင့် စတင်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြောင်း ယူကရိန်းသမ္မတ ဗလာဒီမီယာ ဇယ်လင်စကီးက သူ၏ Telegram လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။

“ဤအဆိုပြုချက်သည် ဆွေးနွေးစားပွဲပေါ်တွင် ရှိနေပါပြီ။ အပြည့်အဝနှင့် အကန့်အသတ်မရှိသော အပစ်အခတ်ရပ်စဲရေး၊ သံတမန်ရေးဆွေးနွေးမှုများအတွက် လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်စေရန် လုံလောက်စွာကြာရှည်မည့် အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးကို အတော်ပင် နီးလာစေနိုင်ပါသည်။ ယူကရိန်းသည် ဤအရာကို ယခင်ကြာမြင့်စွာကတည်းကပင် အဆိုပြုခဲ့ပြီး၊ ကျွန်ုပ်တို့၏ မိတ်ဖက်များကလည်း အဆိုပြုနေပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးကလည်း ဤအရာအတွက် တောင်းဆိုနေပါသည်” ဟု သူက ပြောကြားသည်။

ဤကြေညာချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းအား မေလ ၁၅ ရက်တွင် တူရကီ၌ ကျင်းပမည့် ဆွေးနွေးပွဲအား ရုရှားခေါင်းဆောင် ပူတင်း၏ အဆိုပြုချက်ကို ချက်ချင်းလက်ခံရန် တိုက်တွန်းပြောကြားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ယူကရိန်းအနေဖြင့် ဆွေးနွေးမှုများတွင် ပါဝင်ရန် ပြဿနာမရှိပါ။ ကျွန်ုပ်တို့သည် မည်သည့်ပုံစံနှင့်မဆို ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပါသည်။ ကျွန်ုပ်သည် ယခုကြာသပတေးနေ့၊ မေလ ၁၅ ရက်တွင် တူရကီသို့ ရောက်ရှိမည်ဖြစ်ပြီး၊ ရုရှားသမ္မတ ပူတင်သည်လည်း တူရကီသို့ လာရောက်မည်ဟု မျှော်လင့်ပါသည်။
ကိုယ်တိုင်လာရောက်မည်ဟု မျှော်လင့်ပါသည်”ဟုလည်း ဇယ်လင်စကီးကဆိုသည်။

ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က မေလ ၁၁ ရက် ညပိုင်း၌ သတင်းထောက်များအား ပြောကြားရာတွင် ၂၀၂၂ ခုနှစ်ကည်းက ရပ်နားထားသော ယူကရိန်းအစိုးရနှင့် ကန့်သတ်ချက်မရှိ တိုက်ရိုက်ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုဆွေးနွေးပွဲကို မေလ ၁၅ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ စတင်ရန် အဆိုပြုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ဒုံးကျည်ထိမှန်ပြီးနောက် ဓာတ်ခွဲခန်းများရှိ လုပ်ငန်းများကို ကယ်ဆယ်ရန် အစ္စရေးသိပ္ပံပညာရှင်များ ကြိုးပမ်းနေ

အီရန်ဒုံးကျည်တစ်စင်းက ခေတ်မီဓာတ်ခွဲခန်း ဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံတစ်ခုကို ဖျ-က်ဆီးပစ်ပြီးနောက် အစ္စရေးနိုင်ငံ၏ နာမည်ကြီး ဝိုက်ဇ်မန်း(Weizmann) သိပ္ပံဌာနရှိ သုတေသီများသည် ၎င်းတို့၏ စမ်းသပ်မှုများကို ကယ်ဆယ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။ အဆိုပါဒုံးကျည်သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် တဲလ်အဗစ်မြို့၏တောင်ဘက်စွန်း ရီဟို‌ဗို့(Rehovot)ရှိ အဆိုပါသိပ္ပံဌာနဝင်းကို ထိမှန်ခဲ့ရာ အဆောက်အအုံများစွာ ပျ-က်စီးခဲ့ပြီး မီးလေ-ာင်နေချိန်တွင်ပင် သုတေသီများ ဓာတ်ခွဲနမူနာများကို ကယ်ဆယ်ရန် အပျ-က်အစီးများထဲသို့ ဝင်ရောက်ခဲ့ကြသည်။ ညအချိန်တွင် ဝင်းထဲ၌ လူမရှိသဖြင့် မည်သူမျှ ထိခို-က်ဒဏ်ရာမရရှိခဲ့သော်လည်း အဆောက်အအုံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီး ကျန်ရှိသောအပိုင်းတွင် နံရံများပွင့်ထွက်ကာ လိမ်နေသောသတ္တုများ၊...

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗားတို့ လမ်းခွဲ

ရခိုင်ယူနိုက်တက်အသင်းနှင့် ပေါ်တူဂီနည်းပြချုပ် ပေါ်လိုဒါဆေးလ်ဗာတို့ နှစ်ဘက်သ‌ဘောတူ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ MNL League Cup 2025 ပြိုင်ပွဲ၀င် ရခိုင်ယူနိုက်တက်အသင်းသည် အသင်းအောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ ပေါ်လိုဒါဆေးလ်ဗာကို ခေါ်ယူထားခြင်းဖြစ်ပြီး ယခုနှစ်တွင် ရခိုင်ယူနိုက်တက်သည် ကွာနားဖိုင်နယ်အဆင့်တွင် နှုတ်ထွက်ခဲ့ရပြီဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် မတ်လ (၂၆)ရက်က ခေါ်ယူထားသည့် ဘရာဇီးနိုင်ငံသား နည်းပြချုပ်အသစ် ရီကာဒိုဒါရိုချာနှင့် တရားဝင်လမ်းခွဲအပြီး ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ပြိုင်ပွဲအတွက် ကာလတို ခေါ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့သင်တန်းများကိုဆက်လက်ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့) B.A ဘွဲ့ရရှိထားသူများ(သို့) B.Sc ဘွဲ့ရရှိထားသူများဖြစ်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များလာရောက်လျှောက်ထားနိုင်ကာ ဝင်ခွင့်လျှောက်လွှာများအား ဇွန် ၂၀ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ IBEC ဗုဒ္ဓတက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းများကိုလည်း ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်စတင်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071