နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဝန်ကြီးဌာန (၃၁)ခုအတွက် လျာထားသည့် ပြည်ထောင်စုဝန်ကြီးများစာရင်းကို ယနေ့ ဧပြီလ (၇) ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ (၃၀) ဦးမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒု တိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာ သီတာဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာသက် သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာ မောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်းနှင့် ဦးမောင်မြင့်တို့ ဖြစ်သည်။
ယင်း တင်ပြသည့် ပြည်ထောင်စု ဝန်ကြီးအမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးမည့်သူရှိပါက ဆွေးနွေးခြင်းနှင့် ကန့်ကွက်မည့်မရှိပါက လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းကို ဧပြီလ (၉) ရက် လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်မည် ဖြစ်သည်ဟုလည်း သိရသည်။
ယနေ့တွင် နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန (၃၁) ဌာန၏ အမည်စာရင်းကို လည်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူခဲ့ပြီးဖြစ်သည်။
