တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား စကာဘိုရိုကျွန်းကမ်းရိုးတန်းအနီးခုတ်မောင်းနေသော အမေရိကန်ဖျက်သေင်္ဘာတစ်စီးကို သတိပေး၍မောင်းထုတ်ခဲ့သည်ဟု ဗုဒ္ဓဟူးနေ့တွင် တရုတ်က ပြောကြားလိုက်သည်။
“ဖျက်သင်္ဘော USS Higgins သည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မပါဘဲ Huangyan ကျွန်းကမ်းလွန် တရုတ်နိုင်ငံ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည်” ဟု နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုကြောင်း မန်ဒရင်းဘာသာဖြင့်သတင်း ထုတ်ပြန်ချက်ကို စီအင်န်ဘီစီ သတင်းဌာနက ဘာသာပြန်ဆို၍ ဖော်ပြခဲ့သည်။
Huangyan ကျွန်းဟူသည်မှာ တရုတ်နိုင်ငံက စကာဘိုရိုကျွန်းကို ရည်ညွန်းအသုံးပြုသော အမည်ဖြစ်ပြီး ယင်းကျွန်းသည် တရုတ် နှင့် ဖိလစ်ပိုင်အကြား ရေပိုင်နက်အငြင်းပွားနေသည့်နယ်မြေဖြစ်သည်။
အမေရိကန်စစ်တပ်သည် ၎င်း၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာချိုးဖေ-ာက်သည်ဟု တရုတ်က စွပ်စွဲခဲ့ပြီး အမေရိက၏ လုပ်ရပ်များသည် တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေကာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အခြေခံစံနှုန်းများကို ချိုးဖေ-ာက်ခြင်းဟုလည်း သတင်း၌ ဖေါ်ပြခဲ့သည်။
USS Higgins သည် ဂျပန်နိုင်ငံအခြေစိုက် အမှတ် ၇ အမေရိကန်ရေတပ်မဟာမှ စစ်သင်္ဘောတစ်စီးဖြစ်သည်။ အဆိုပါ ရေတပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ Sarah Merrill က USS Higgins သည် နိုင်ငံတကာဥပဒေနှင့်အညီ လွတ်လပ်စွာရေကြောင်းသွားလာမှု အစီအစဉ်ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စီအင်န်ဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။
“ဒီမစ်ရှင်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ သတင်းထုတ်ပြန်ချက်က မှားယွင်းနေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ဘယ်နေရာမှာမဆို ပျံသန်းခြင်း၊ ခုတ်မောင်းခြင်း နှင့် စီမံဆောင်ရွက်ခြင်းဆိုင်ရာ ၎င်းရဲ့ အခွင့်အရေးကို ကာကွယ်နေပါတယ်” ဟု Merrill က ဆက်လက်ပြောကြားခဲ့သည်။
Ref: စီအင်န်ဘီစီ
