မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးမှုရှိခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်တွင် ဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်၊ ဒေသစာရီကြွချီတော်မူရာ၌ အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရသည်။
လက်ရှိတွင် ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဘုရားဂေါပကအဖွဲ့က ဘုရားကျောင်းတော်ပေါ်ကို တက်ရောက်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားကြောင်းလည်း သိရသည်။
ထို့ပြင် ပြင်ဆင်မှုများကို ယခုနှစ် သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ ပြီးစီးနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများက အရှိန်အဟုန်မြှင့်ဆောင် ရွက်နေကြောင်းလည်း သိရသည်။