Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsအင်းလေးကန်သို့ ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်...

အင်းလေးကန်သို့ ကမ္ဘာ့ရှားပါး ဆောင်းခိုငှက် (၅) မျိုး ဝင်ရောက်ကျက်စားနေ

ယခုဆောင်းရာသီတွင် အင်းလေးကန် ရမ်ဆာရပ်ဝန်းဒေသသို့ ဆောင်းခိုငှက်မျိုးစိတ် (၃၄) မျိုး ဝင်ရောက်ကျက်စားလျက်ရှိရာ ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်မျိုးစိတ် (၅) မျိုး ပါဝင်နေကြောင်း သိရသည်။

အင်းလေးကန်သို့ စင်ရော်ငှက်မျိုးစိတ် (၂)မျိုး၊ ရေကြက်ဒုံ၊ ဘဲပို့ချပ်၊ ဘဲစကပ် စသည့် ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်မျိုး စိတ် (၅)မျိုး ဝင်ရောက်ကျက်စားလျက်ရှိပြီး စားကျက်နေရာ (၈)နေရာတွင် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုက်ဘေးရီးယားဒေသမှ ဆောင်းခိုငှက်များသည် အင်းလေးကန်၊ တရုတ်နှင့် ရုရှားမှ ဆောင်းခိုငှက်များသည် အင်းတော်ကြီးကန်သို့ နှစ်စဉ် အောက်တိုဘာလမှစ၍ ဝင်ရောက်လေ့ရှိပြီး ဧပြီလတွင် ပြန်လည်ထွက်ခွာလေ့ရှိကြောင်း သိရသည်။

“အင်းလေးကန်မှာ ကမ္ဘာ့ရှားပါး ဆောင်းခိုငှက်မျိုးစိတ် (၅) မျိုး ဝင်ရောက်နေပါပြီ။ ကမ္ဘာမှာ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ ဘဲပို့ချပ်မျိုးစိတ် အနည်းငယ်လည်း တွေ့နေရပါတယ်။ မနှစ်က သုံးကောင်ပဲတွေ့ရပြီးတော့ ဒီနှစ်ဆောင်းဦး အစမှာ နှစ်ကောင်တွေ့ရပါတယ်”ဟု အင်းလေးကန် တောရိုင်းတိရစ္ဆာဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ပြောသည်။

ကမ္ဘာမှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ်များ ဝင်ရောက်ကျက်စားခြင်းက နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပြီး နိုင်ငံခြားသား ငှက်ကြည့်ဝါသနာရှင်များ အထူးစိတ်ဝင်စားတဲ့ ငှက်မျိုးစိတ်များဖြစ်ကြောင်း သိရသ ည်။

“ကြိုးကြာခေါင်းနီဆိုရင် လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က (၁၅) ကောင်နီးပါး ဝင်ရောက်ခဲ့တယ်။ မနှစ်ကဆိုရင် နှစ်ကောင်ပဲ တွေ့ရတယ်။ ဘဲပို့ချပ်ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က (၁၀) ကောင်ကနေ အခုဆိုရင် အနည်းငယ်ပဲ တွေ့ရတော့တယ်။ အင်းလေးကန်က ဒီနှစ်ရေပြည့်နေတော့ ဆောင်းခိုငှက်ဝင်တာ နည်းနေပါသေးတယ်။ နောက်ပိုင်းပိုပြီး များလာမှာပါ”ဟု အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးက ဆက်ပြောသည်။

ကမ္ဘာပေါ်ရှိငှက်များအား ဌာနေငှက်မျိုးစိတ်များ၊ ဒေသတွင်းရာသီအလိုက် ရွှေ့ပြောင်းငှက်များ၊ ရာသီအလိုက် ရွှေ့ပြောင်းငှက်များနှင့် ဆောင်းခိုငှက်များဟု အုပ်စုလေးမျိုးခွဲခြားထားပြီး ငှက်မျိုးစိတ်စုစုပေါင်း ၁၈၀၀၀ ခန့်တွင် မြန်မာနိုင်ငံ၌ ငှက်မျိုးစိတ် ၁၁၃၆ မျိုး ရှင်သန်လျက်ရှိကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ သိရသည်။

အင်းလေးကန် ဘေးမဲ့တော ဧရိယာတွင် အရေးကြီးငှက်မျိုးစိတ် (၁၄) မျိုး သတ်မှတ်ထားပြီး နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်း၌ သစ်တောငှက်မျိုးစိတ် (၉၅) မျိုး (၆၇၇၃ ကောင်)၊ ရေပျော်ငှက်မျိုးစိတ် (၄၂) မျိုး (၉၉၃၈ ကောင်) နှင့် ဆောင်းခိုငှက်မျိုးစိတ် (၃၄) မျိုး (၄၂၃၆ ကောင်) တို့ ကျက်စားလျက်ရှိကာ ဆောင်းခိုငှက်မျိုးစိတ် (၅)မျိုး ဝင်ရောက်ကျက်စားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်းတော်ကြီးကန်၊ အင်းလေးကန်၊ မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်း၊ ပလိပ်အင်း၊ တောင်သမန်အင်း၊ ပြူကန် အင်းနှင့် ဗနောအင်းများသို့ နှစ်စဉ်ဆောင်းခိုငှက်များ ဝင်ရောက်ကျက်စားလျက်ရှိ၍ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ရပ်တည်လျက်ရှိ​နေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071