ယနေ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် မြင်ကွင်း ပုံရိပ်များကို မြင်တွေ့ရခြင်းဖြစ်ပါသည်။
ယနေ့ကျရောက်သည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသောအကျဉ်းသား/ အကျဉ်းသူ (၆၁၃၄) ဦး အား ပြစ်ဒ-ဏ်များ အပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ထို့ပြင် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၅၂) ဦးကိုလည်း ၎င်းတို့၏ ပြစ်ဒ-ဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒ-ဏ်ပေးခဲ့ကြောင်းလည်း သိရသည်။
အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများအား ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒ-ဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
