မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကိုဗဟိုပြု၍ ယနေ့ သြဂုတ် ၁၂ ရက်မွန်းတည့်ပိုင်းက အင်အားအနည်း ငယ်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ကျောက်ဆည်မြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့်အကွာ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၁)အဆင့်ရှိ ငလျင်တစ်ခု ယနေ့ သြဂုတ် ၁၂ ရက်မွန်းတည့် ၁၂ နာရီ ၁၆ မိနစ် ၅၁ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
