မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အင်ဒိုနီးရှား ဖူဆယ်လိဂ်ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် ယနေ့ နံနက်က ထပ်မံယှဥ်ပြိုင်ကစားရာ ၂ ဂိုး ဂိုးမရှိဖြင့်ရှုံး နိမ့်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းတို့ သ ည် ခြေစမ်းပွဲစဥ်အဖြစ် ယနေ့နံနက်က အင်ဒိုနီးရှားနိုင်ငံ Su rabara မြိုရှိ Baskhara Futsal Arena တွင် ထပ်မံယှဥ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းတို့သ ည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်က ပထမအကြိမ် ခြေစမ်းကစားရာတွင် မြန်မာအသင်းက ၁၁ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ (၁၀) ရက်တွင် အင်ဒိုးရှားကလပ် Regional East Java Team နှင့်ခြေစမ်းပွဲယှဉ် ပြိုင်ကစားဦးမည် ဖြစ်ကြောင်း သိရသည်။




