ဂျကာတာ၊မေ ၂၂
အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်းေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် နောက်ထပ် စက်ယန္တရားကြီးတစ်စင်းကို အခင်းဖြစ်ရာ၌ ထပ်မံအသုံးပြုခဲ့ပြီး စုစုပေါင်းနှစ်စီးဖြင့် ဆောင်ရွက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ မြေပြိုခဲ့သော်လည်း အဆိုပါဒေသသည် ဆက်သွယ်ရေးစနစ်အလွန်ညံ့ဖျင်းသဖြင့် ကယ်ဆယ်ရေးသမားများထံ သတင်းရောက်ရန် ကြန့်ကြာခဲ့ကြောင်း ပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးမှအကြီးအကဲက ပြောကြားခဲ့သည်။
Source : ရှင်းဟွာ