ဂျကာတာ၊ဖေဖော်ဝါရီ ၂၅
အင်ဒိုနီးရှားသမ္မတပရာဘိုဝို ဆူဘီယန်တို သည် ရုရှားဖက်ဒရေးရှင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုက်ဂူနှင့် အင်္ဂါနေ့က ဂျကာတာ၌တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့်ဒေသတွင်းလုံခြုံရေးဆိုင်ရာ မဟာဗျူဟာဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့သည်ဟုသိရသည်။
အင်ဒိုနီးရှားသမ္မတ၏ အတွင်းဝန်ရုံး၏ သတင်းထုတ်ပြန်ချက်အရယခုခရီးစဉ်၌ နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှု အထူးသဖြင့် လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပိုမိုအားကောင်းလာစေရန်လည်းထပ်လောင်း အတည်ပြုခဲ့ပြီး အနာဂတ် ကာလ ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကျယ်ပြန့်သော အခွင့်အလမ်းများကိုပါဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟုသိရသည်။
“ဒီတွေ့ဆုံမှုအခိုက်အတန့်ကနေ ဒေသတွင်းတည်ငြိမ်ရေးနဲ့ အပြန်အလှန်အကျိုးရှိစေမယ့် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုအပြင် နှစ်နိုင်ငံကြားနီးကပ်သည့်ဆက်ဆံရေးကိုပိုမိုခိုင်မာစေပါသည်” ဟုလည်း သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း အင်ဒိုနီးရှားနှင့် ရုရှားတို့သည် နှစ်ဖက်သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကိုကျင်းပခဲ့ကြသေးသည်။
Source : ရှင်းဟွာ