ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း (၅၀၂၃)ဦးထိ ရှိလာ
လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ အသီးသီးနှင့်တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၉၆၃)ဦးအမည်စာရင်းတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုရွေးကော က်ပွဲကော်မရှင်က ကနဦးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
သို့သော် အမည်စာရင်းတင်သွင်းရန် သတ်မှတ်ချိန်ကုန်ဆုံးသည့်အထိ တင်သွင်းလာသည့် အမည်စာရင်းများကို ကော် မရှင်ရုံးသို့ပေးပို့ရာ၌ အင်တာနက်လိုင်းချို့ယွင်းမှုများကြောင့် လွှတ်တော်(၃)ရပ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ကိုယ် စားလှယ်လောင်း(၆၀)ဦး၏ စာရင်းကို ကနဦးသတင်းထုတ်ပြန်ပြီးနောက် ထပ်မံရရှိခဲ့ကြောင်း စက်တင်ဘာလ (၂၉)ရ က်တွင် ကော်မရှင်က အသိပေးထားသည်။
ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှုများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၀၄၈) ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ် ရေး ပါတီမှ (၇၀၄)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၆) ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၄၃၄) ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ (၅၈၆) ဦး၊ ပြည်သူ့ပါတီမှ (၅၁ ၃) ဦး၊ တို င်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ (၅၁) ပါတီမှ (၉၆၆) ဦး နှင့် တစ်သီးပုဂ္ဂလ (၉၆) ဦး စုစုပေါ င်း (၅၀၂၃) ဦး ဖြစ်ကြောင်း ရွေးကော်က အသိပေးချက်တွင် ဖော်ပြထားသည်။
လက်ရှိ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းမှုများအရ USDP (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) မှ (၁၀၄၈)ဦးနှင့်အများဆုံး ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းလုပ်ငန်းကို အောက်တိုဘာ(၄)ရက်အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ့ အသီးသီးတွင် စိစစ်ဆောင်ရွက်နေကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
