Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeEducationအင်္ဂလိပ်စာ၊သင်္ချာ၊ရူပဗေဒ၊ဓာတုဗေဒ (၄) ဘာသာ...

အင်္ဂလိပ်စာ၊သင်္ချာ၊ရူပဗေဒ၊ဓာတုဗေဒ (၄) ဘာသာ စုစုပေါင်းရမှတ် (အများ/အနည်း) ပေါ်မူတည်ပြီး နည်းပညာတက္ကသိုလ်ဝင်ခွင့်လက်ခံမည်

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မည့်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေးနှင့်ပတ်သတ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက မတ်လ၁၈ရက်တွင် ထုတ်ပြန်ချက်တစ်ရပ်ကိုထုတ်ပြန်သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံသားတို့၏ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ် ပေးလျက်ရှိသည့် ဌာနတစ်ခုဖြစ်ရာ လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း များ တိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည်အချင်းပြည့်ဝသော အင်ဂျင် နီယာ ပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်မည့်သူများအတွက် နည်းပညာတက္ကသိုလ်များသို့ ဝင်ခွင့် ခေါ်ယူရာတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ရူပဗေဒ၊ဓာတုဗေဒ (၄) ဘာသာ စုစုပေါင်းရမှတ် (အများ/အနည်း) ပေါ်မူတည်၍ နည်းပညာတက္ကသိုလ်များအား ရွေးချယ်တက်ရောက်ခွင့် ပြုမည့်အကြောင်း ကျောင်းသား/ကျောင်းသူများ ကြိုတင်သိရှိနိုင်ရေး အသိပေးကြေညာခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မည့်သူများအတွက်အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ(၃)ဘာသာစုစုပေါင်းရမှတ်(အများ/အနည်း) ပေါ်မူတည်၍ ဆေးတက္ကသိုလ်များသို့ လူတွေ့စစ်ဆေးခြင်းစာမေးပွဲဖြင့် ဖြေဆိုခွင့်ပြုမည်ဟုလည်း ကြေညာထားသည်။

> Daw Thet Wai:
🖼 Photo

Zaw Gyi





Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...