အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးနှင့် ပတ်သက်သည့် အသိပညာပေး ပိုစတာ၊ ပန်းချီ နှင့် ဗီဒီယို ပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်က ယနေ့ ဩဂုတ်(၅)ရက်တွင် အသိပေးထားသည်။
အသက်(၁၀)နှစ် မှ (၁၅)နှစ်၊ (၁၆)နှစ်မှ (၂၀)နှစ်၊ (၂၁) နှစ် မှ (၂၅)နှစ် အသက်အပိုင်းခြား (၃)ခု ခွဲ၍ တစ်ဦးချင်းသို့မဟုတ် အဖွဲ့လိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့်သူများအနေဖြင့် လာမည့် ဩဂုတ်(၃၁)ရက် နောက်ဆုံးထားပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ကော်မရှင်ရုံးဝက်ဆိုဒ်နှင့် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ပြိုင်ပွဲတွင် ပထမဆုရရှိသူများကို ရုရှားနိုင်ငံ ရှေ့နေ့ချုပ်ရုံးသို့ပေးပို့ပြီး မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်းလည်း သိရသည်။
