အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အဂတိတိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။
အဆိုပါ အစီအစဉ်သည် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများပိုမိုကောင်း မွန်လာစေရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေ သည့် ကိစ္စရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုအစီအစဉ်ကို Short Code နံပါတ် “1111” မှ တစ်ဆင့် SMS ဖြင့်ပေးပို့မေးမြန်းနိုင်ပြီး၊ မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှု လုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMSများ ပြန်လည်ဖြေကြား ပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အသိပေးထုတ်ပြန်ထားသည်။
