Tuesday, February 3, 2026

လှည်းကူးတွင် စက်ရုံဖယ်ရီနှင့် လိုင်းကားတိုက်မိပြီး လူ...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယနေ့ ဖေဖော်၀ါရီ (၃) ရက် ၊ နံနက်ပိုင်းက စက်ရုံဖယ်ရီနှင့် လိုင်းကားတို-က်မိပြီး (၄)ဦး အသက်ဆုံးကာ (၂၆)ဦး...

နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဌာန်း

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) ကို ပြင်ဆင်သည့် ဥပဒေကို ပြဌာန်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင်...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း...

တညင်းကုန်းလက်ကားဈေးကြီးရှိ ဆိုင်ခန်းများရောင်းချရန်နှင့် ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း...

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကြီးရှိ Shop House ဆိုင်ခန်းအဆောက်အဦများရောင်းချရန်နှင့် ဈေးများနှင့် ပွဲရုံစခန်းများမှ ယာဉ်ဝင်ခအပါအဝင် လုပ်ငန်း ၅၇ ခုတို့အတွက် တစ်နှစ်တာလုပ်ကိုင်ခွင့် တင်ဒါခေါ်ယူနေကြောင်း နိုင်ငံပိုင်သတင်းစာတွင်...
HomeNewsEntertainment Newsအခုခေတ်နဲ့ အရင်ခေတ် ကွာခြား...

အခုခေတ်နဲ့ အရင်ခေတ် ကွာခြား သွားတဲ့ ရုပ်ရှင်လောက အကြောင်း ဦးဇော်မှိုင်း ပြောပြ

zaw-hnieနည်းပညာ တိုးတက်လာမှု နဲ့အတူ ကမ္ဘာ့ ရုပ်ရှင်လောက ရဲ့အရည်အသွေးတွေ အရင်ခေတ် တွေထက် ပိုမို တိုးတက်လာ ခဲ့ပါတယ်။ မြန်မာ့ ရုပ်ရှင်လောက မှာတော့ အရင်ခေတ်တွေ ဆီက ဇာတ်ကားများ ကိုသာ ပရိသတ်က တသသ တမ်းတစွာ စွဲလမ်း နှစ်ခြိုက်ခဲ့ကြပါတယ်။ ဒီနေ့ ခေတ်မှာတော့ ရုပ်ရှင်ဗီဒီယို လောကအပေါ်ကို အထိုက်အလျောက် ဝေဖန်သံတွေလည်း ကြား လာခဲ့ရပါတယ်။ နည်းပညာ တိုးတက်လာပေမယ့် လည်း ဒီအပေါ်မှာ မြန်မာ့ရုပ်ရှင် နဲ့ ဗီဒီယိုအမီ မလိုက်နိုင်ခဲ့မှုကို ဝါရင့် သရုပ်ဆောင် ဦးဇော်မှိုင်း ကို မေးကြည့်ရာမှာတော့

“တို့ရုပ်ရှင် လောကကြီးမှာ အရင်တုန်းက တော့ ပထမဆုံးက ကားကြီးခေတ်ပေါ့နော်။ ရုံ တင်ကားကြီးတွေ လည်းရှိတယ်။ အခုအခါမှာ တော့ ဒီဗီဒီယိုခေတ် ဖြစ်လာတာပေါ့။ ကားကြီး ခေတ်မှာတော့ လူတွေက ပညာလေးတွေ ပြည့် ပြည့်စုံစုံနဲ့ ရိုက်လို့ အဆင်ပြေတယ်။ အခုလို ခုဝင်ခုရိုက်၊ တတ်တတ်၊ မတတ်တတ် ရိုက်ကူးလို့ လည်း ဟိုတုန်းက မရဘူး။ ကားကြီးက ဖလင်တွေ ကုန်တယ်။ နိုင်ငံခြား ပိုက်ဆံနဲ့ ဝယ်ရတာကိုး။ အခုခေတ် ဗီဒီယိုခေတ်နဲ့ ဒီဗီဒီခေတ်ကျတော့ ကုန်ကြမ်းတွေက လမ်းဘေးတင် ဝယ်လို့ရတော့ ပေါတယ်။ လမ်းဘေးတင် ဝယ်လို့ရသလို ပေါများ သလို ရုပ်ရှင်လုပ်ငန်းသရုပ်ဆောင်၊ ရုပ်ရှင်လုပ် မယ့်သူတွေ ကလည်း ပေါများလာတယ်။ လွယ်ကူ လာတယ်” လို့ ဦးဇော်မှိုင်းက သူ့အမြင်ကိုပြောပြခဲ့ ပါတယ်။ အရင်ခေတ်များဆီက သုံးနှစ်သုံးမိုး ရုပ်ရှင်ပေး ရိုက်ရဖို့အတွက် အနစ်နာခံ ကြိုးစား အားထုတ်ခဲ့ရပေမယ့် အခုခေတ်မှာတော့ မလိုအပ်တော့ဘူး လို့လည်း ဦးဇော်မှိုင်းက အခု လိုပြောပြပါတယ်။

“ဦးတို့ခေတ်ကတော့ သုံးနှစ်သုံးမိုး အပင် ပန်းခံပြီး ကြိုးစားမှ ရုပ်ရှင် ရိုက်ကူးရဖို့ ဖြစ်လာ တာ။ အခုတော့ မလိုဘူး။ ကြားဖူးမှာပေါ့။ ကြိုး ခေတ်ဆိုတာ ဖြစ်လာတယ်။ ကြိုးခေတ်ဆိုတာ ဒီရိုက်မယ့်သူ ကုမ္ပဏီ၊ ဒါရိုက်တာတွေကို ပိုက်ဆံ ပေးလိုက်။ မင်းသား၊ မင်းသမီးဝင် လုပ်လိုက်ဆို တော့ ရုပ်ရှင်ကို ဖြတ်လမ်းကနေ ဝင်လိုက်တော့ အခုနပြောသလို အနုပညာကို အနှစ်သာရရှိ အောင် လုပ်တာနဲ့ အခုနဲ့က တခြားစီ ဖြစ်သွားပြီ။ အခု ခေတ်မှာ ကြိုးမင်းသား၊ ကြိုးမင်းသမီးဆိုတာ ပေါ်လာတယ်” လို့ ဦးဇော်မှိုင်းက ပြောပါတယ်။ လက်ရှိခေတ်မှာ ဖြစ်တည်လာတဲ့ ကြိုးမင်းသား၊ ကြိုးမင်းသမီး အကြောင်းကိုလည်း ဦးဇော်မှိုင်းက ရှင်းပြရာမှာတော့

“အဲဒီကြိုးမင်းသား၊ ကြိုးမင်းသမီးတွေက အနုပညာအကြောင်း ဘာမသိ၊ ညာမသိနဲ့ဝင်လာ ပြီးတော့ ဟား၊ ငါ မင်းသား၊ ငါမင်းသမီး ဆိုပြီး ကျန်တဲ့သူတွေကို ဘယ်သူ့ကိုမှလည်း ဂရုမစိုက် တော့ဘူး။ ငါတို့ အောက်ကပဲ ဆိုပြီးတော့ပေါ့။ အဲဒီလို အနုပညာကို နားမလည်လို့ ခေတ်က အဲဒီ လို ပြောင်းသွားတယ်။ ပြောင်းသွားတဲ့ အခါကျ တော့ အရင်တုန်းကရိုက်ကူးတဲ့ ဇာတ်ကားနဲ့ အခု ရိုက်ကူးတဲ့ ဇာတ်ကားတွေကို ပရိသတ်ကကြည့်ပြီး ကွာလိုက်တာလို့ ပြောကြတာ။ အဲဒီမှာ ကွာတာ။ အရင်တုန်းက ဒါရိုက်တာက ဒါလုပ်ဆို လုပ်ရတာ။ အခုမလုပ်ဘူး။ သူကပိုက်ဆံ ထည့်ပြီးတော့ ဝင် လုပ်တဲ့သူ။ ဒါရိုက်တာကို တောင်ပြန်အော်လိုက်ဦး မယ်။ အဲဒီတော့ ဒီရုပ်ရှင်ပျက်တာ၊ မင်းသား၊ မင်းသမီး လုပ်မယ့်သူတွေဆီက ပိုက်ဆံနဲ့ ရိုက်ကူး တာများတော့ ဇာတ်ကား ကောင်းကောင်း၊ မကောင်းကောင်း ရှုံးလည်း ကိစ္စမရှိဘူး ဆိုပြီးလုပ် တာတွေ ရှိနေတော့လေ။ ဒါက လူတိုင်းတော့ မဟုတ်ပါဘူး။ တချို့ကျတော့လည်း မှန်မှန် ကန် ကန်နဲ့ လုပ်တဲ့သူတွေ ရှိပါတယ်။ အများအားဖြင့် တော့ အခုလို ဖြစ်နေရတာ။ အဲဒီလိုတွေရှိတော့ ဒီဇာတ် ကားတွေက ကွာလတီမကောင်း နိုင်ဘူး။ အဲဒီလိုဖြစ်သွားတာ။ အဲဒီလို အခုခေတ်နဲ့ အရင် ခေတ်နဲ့ အဲဒီလို ကွာသွားတာ” လို့ ဦးဇော်မှိုင်းက အခုလိုပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071