Sunday, September 20, 2026

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ...

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့်...
HomeNewsLocal Newsအကျိုးရလဒ်များစွာကိုဆွေးနွေးနိုင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး၏ ဘရူနိုင်းခရီးစဥ်

အကျိုးရလဒ်များစွာကိုဆွေးနွေးနိုင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး၏ ဘရူနိုင်းခရီးစဥ်

နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂)ဖြစ်သူ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ယူဆွတ် ၏ဖိတ်ကြားချက်အရ ဘရူနိုင်းနိုင်ငံသို့ တရားဝင်ခရီးစဥ်အဖြစ် ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့က သွားရောက်ခဲ့သည်။

ဝန်ကြီးဦးသန်းဆွေသည် ဇန်နဝါရီ ၂၃ ရက်မွန်း လွဲပိုင်းတွင် ဘရူနိုင်းဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ အား Istana Nurul Iman နန်းတော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးဆိုင်ရာကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်‌ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူး ပေါင်းဆောင်ရွက်ရေးကိုလည်းဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဦးသန်းဆွေမှ မြန်မာနိုင်ငံအစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ဝန်ကြီးဦးသန်းဆွေသည် ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂)နှင့်တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းတွင် ဘန်ဒါဆရီဘီဂါဝန်မြို့၊ သံတမန်ရပ်ကွက်၌ မြန် မာသံရုံးအသစ်ဆောက်လုပ်နေမှုကိုကြည့်ရှုစစ်ဆေးပြီး အဆောက်အဦဆောက်လုပ်မှုကို အုတ် မြစ်သွန်းလောင်းပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံကြား သံတ မန်မြေအပြန်အလှန်လဲလှယ်ရေးသဘောတူစာ ချုပ်အရရရှိထားသည့် မြေကွက်(၃)ကွက် အ နက် ကျန်ရှိသော သံတမန်လူနေရပ်ကွက်ရှိ သံရုံးပိုင်မြေကွက်(၂)ကွက်သို့သွားရောက်၍ မြန်မာသံ ရုံးဝန်ထမ်းများအတွက် နေအိမ်ဆောက်လုပ်နိုင်မှုကိုလေ့လာကြည့်ရှုစစ်ဆေးပြီး ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုစစ်ဆေးကာ သံရုံးဝန်ထမ်းများအားတွေ့ဆုံမှာကြားမှုများပြုလုပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိ​သော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့် ရွှေတိဂုံပုံတူစေတီတော်တည်ထားနေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့် သာသနိကအဆောက်အဦများအား ယခင် နယ်ခြားစောင့်တပ်အ ထွေထွေအတွင်းရေးမှူး(ဟောင်း)ဦးစောချစ်သူ ကမတည်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ဗျူဟာကုန်း၌ ရွှေတိဂုံပုံတူစေတီတော်အပြင် သစ်တံခါးဆရာတော်ကြီး၏ နည်းနာနိဿယဖြစ်သော ညောင်ဆယ်ပင်အဓိဌာန်စခန်းနှင့် သာသနိကအ ဆောက်အအုံများကိုလည်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ Photo- ကိုနေနော်(မြဝတီ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071