Monday, May 19, 2025

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက် (၁၄)မိုင်ခန့် အကွာ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား...

မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းကို ယနေ့ မေလ (၁၈)ရက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်အသိပေးထားသည်။ ယခုနှစ်အတွက်...

ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် ဆက်တိုက်ကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ ပြည်တွင်း၌ လိုအပ်သည့် စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရပြီး ဈေးနှုန်းအတတ်အကျသည်လည်း...

ယခုနှစ် သရက်သီးရာသီတွင် စိန်တလုံးသရက်သီးများ ဈေးကောင်းရနေ

ယခုရာသီသည် သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်သည့် ရာသီသို့ ရောက်လာပြီဖြစ်ပြီး ယခုနှစ်သရက်ရာသီတွင် ဈေးကွက်အတွင်း၌ စိန်တလုံးသရက်သီးများ ဈေးကောင်းရနေကြောင်း သရက်သီးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။ သရက်သီးကို မန္တလေးတိုင်းဒေသကြီးတွင်...
HomeNewsLocal Newsအကျဥ်းသားတစ်ဦးထံမှ ဖုန်း ၁...

အကျဥ်းသားတစ်ဦးထံမှ ဖုန်း ၁ လုံးရှာဖွေသိမ်း ဆည်းခံခဲ့ရခြင်းနှင့်ပတ်သက်၍ ပုသိမ်အကျဉ်း ထောင်တွင် ဆူပူအကြမ်းဖက်မှုဖြစ် ၊ဝန်ထမ်း ၁၁ ဦးနှင့်အကျဥ်းသား၊အချုပ်သား ၆၃ ဦးဒဏ်ရာရပြီး အချုပ်သား ၁ ဦးသေဆုံး

ဧရာဝတီတိုင်း၊ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်တွင် ဇန်နဝါရီ ၆ ရက်နံနက်ပိုင်းက အကျဥ်းသား၊အချုပ်သားများဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်ပိုင်းက ပုသိမ်အကျဥ်းထောင်ရှိ အိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊အချုပ်သား ၇၀ ဦးခန့်သည် အိပ်ဆောင်ဝန်းတံခါးများအား ချိုးဖျက် ဖျက်ဆီးခြင်း၊အကျဉ်းဦးစီးဌာနဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်း၊မချေမငံပြောဆိုခြင်း၊ရန်မူရန်ကြိုးပမ်းမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများမှ မိမိအခန်းများသို့အသာတကြည် ပြန်လည်ဝင်ရောက်ရန်ဖျောင်းဖျပြောဆိုခဲ့ရာ လိုက်နာမှုမရှိဘဲဆက် လက်အော်ဟစ်ဆူပူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားနေစဥ် အခြားအိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊အချုပ်သားအချို့မှလည်း ၎င်းတို့ ၏အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအားဖျက်ဆီးခြင်း၊အကျဉ်း ထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့ သွားရောက် ရန်မူရန်ကြိုးစားပြီး ပထမဆူပူမှုဖြစ်ပွားနေသည့်အဆောင်ရှိ အကျဉ်းသား၊အချုပ်သားများနှင့်ပူးပေါင်းကာ ဖျက်ဆီးမှုများကိုအရှိန်မြှင့် ဆောင်ရွက်ခဲ့ကြသည်ဟု နစက ကထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဖြစ်စဥ်အား ထိန်းသိမ်းရန် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်း၊အကျဉ်းဦးစီးဌာန၊ညွှန်ကြားရေးမှူး၊တာဝန်ရှိဝန်ထမ်းများနှင့်ခရိုင်ရဲတပ် ဖွဲ့မှူးတို့ပါဝင်သည့် လုံခြုံရေးအဖွဲ့ဝင်များက အကျဉ်းထောင်အတွင်းဝင်ရောက်၍ အကျဉ်းသား၊ အချုပ်သားများအား လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျခဲ့သည်။

ထိုသို့ ဖျောင်းဖျမှုအားလိုက်နာခြင်းမရှိဘဲ သစ်သားချောင်းများ၊အုတ်နီခဲများ၊အင်္ဂတေခဲကျိုး များဖြင့် လုံခြုံရေးအဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန်ပစ်ခတ်ပြီး ဒုတ်/ဒိုင်းများ အသုံးပြုနှိမ်နင်းခဲ့ရသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်အတွင်း၌ အချို့အကျဉ်းသား၊အချုပ်သားများသည် အချင်းချင်းထိုးကြိတ်ရိုက်နှက်မှုများဖြစ်ပေါ်ခဲ့ပြီး အချုပ်သား ၁ ဦးသေဆုံးခဲ့ပြီး အကျဥ်းသား၊အချုပ်သား ၆၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့များ၏ ထိန်းသိမ်းမှုကြောင့် နံနက် ၁၁ နာရီခွဲခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၉ ဦး(စုစုပေါင်း ၁၁ ဦး)တို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်ဖြစ်ပွားရခြင်းမှာ ဇန်နဝါရီ ၅ ရက်ညပိုင်းက အကျဉ်းသားတစ်ဦးထံမှ ကီးပတ်ဖုန်း ၁ လုံးအား ရှာဖွေသိမ်းဆည်းရမိ၍ လိုအပ်သည့်အရေး ယူမှုပြုလုပ်စဉ် ကျေနပ်မှုမရှိခြင်း၊အချင်းချင်းမြှောက်ပင့်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသဖြင့် လုပ် ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

“ဖြစ်စဥ်ရဲ့ အသေးစိတ်ကိုတော့ ကျွန်တော်တို့မသိဘူး ထောင်ဆူသွားတယ်၊ ဒဏ်ရာရတဲ့လူတွေလည်းများတယ်ဆိုတာကတော့သိထားတယ်၊ ကျွန်တော်တို့ကတော့ သတင်းကြားထဲက ကားတွေကိုအဆင်သင့်လုပ်ထားတယ် သွားတာတော့မသွားလိုက်ရပါဘူး”ဟု ပုသိမ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၆၇)သန်း ကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်ပေးနိုင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ အနောက် တောင်ဘက် (၁၄)မိုင်ခန့် အကွာ နမ့်တိန်ချောင်းပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးစီးသွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၆၇)သန်း ကီလိုဝပ်နာရီကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျားပေ (၁၈၀၀) ၊ အမြင့်ပေ (၂၃၀) ရှိ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင် ပမာဏမှာ (၁၀၄၀၀၀) ဧကပေရှိကာ စက်တပ်ဆင်အင်အား (၁၇) မဂ္ဂါဝပ်ရှိ စက်(၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား...

မြန်မာဘောလုံးအကယ်ဒမီများသို့ တက်ရောက်ခွင့် ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းထုတ်ပြန်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာဘောလုံး အကယ်ဒမီများသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသားသစ်များ အောင်စာရင်းကို ယနေ့ မေလ (၁၈)ရက်တွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်အသိပေးထားသည်။ ယခုနှစ်အတွက် ဘောလုံးအကယ်ဒမီ ကျောင်းများသို့ တက်ရောက်ခွင့်ရရှိသူ (၇၆)ဦးကို ဇကာတင်ရွေးချယ်ခေါ်ယူထားပြီး၊ ကျောင်းသားများအတွက် နှစ်စဉ် နေစရိတ်၊ စားသောက်စရိတ်၊ ပညာသင်စရိတ်များအားလုံး အခမဲ့ စီစဉ်ပေးထားကြောင်း သိရသည်။ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ တက်ရောက်ခွင့် ရရှိသည့် ကစားသမားများ အနေဖြင့် မေလ (၂၈) ရက်တွင် အကယ်ဒမီကျောင်းသို့ လာရောက်ဆက်သွယ်ရမည်ဖြစ်ပြီး မန္တလေး အကယ်ဒမီ တက်ရောက်ရမည့်...

ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ဆက်တိုက်ကျဆင်းလာ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည် ဆက်တိုက်ကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ ပြည်တွင်း၌ လိုအပ်သည့် စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရပြီး ဈေးနှုန်းအတတ်အကျသည်လည်း စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်ကြောင်း သိရသည်။ လက်ရှိတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းသ ည် ကျဆင်းလာသည့်အတွက် ပြည်တွင်းရှိစားအုန်းဆီဈေး နှုန်းလည်း ဆက်တိုက်ကျဆင်းလာကြောင်း သိရသည်။ ပြည်ပမှ စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ မေ (၁၉)ရက်မှ (၂ ၅) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည် ညွှန်းဈေးနှုန်းမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071