Thursday, June 19, 2025

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့်...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက်...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့်...

ထိုင်းနှင့် နယ်မြေအငြင်းပွားမှုတွင် အစိုးရကို ထောက်ခံကြောင်း...

     ပြီးခဲ့သောလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့မှုမှ အစပြုခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဂျကာတာ၌ အစိုးရက စီစဉ်သော...
HomeNewsLocal Newsအကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂

ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို “ထူးထူးခြားခြား တိုးတက်မှု” အဖြစ် ဖော်ပြခဲ့ပြီး အဓိက ပါဝင်ပတ်သက်နေသူအားလုံးနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကိုးကားပြီး ပြောကြားခဲ့သည်။

မလေးရှားသည် အာဆီယံက ချမှတ်ထားသော အချက် ငါးချက်ပါ သဘောတူညီချက် နှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံတွင်အားလုံးပါဝင်သောဆွေးနွေးပွဲများ ဖြစ်မြောက်ရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကောင်းမွန်စွာရရှိရေးတို့အတွက် တက်ကြွစွာ တွန်းအားပေးလုပ်ဆောင်နေကြောင်း အန်ဝါက ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားရာဒေသတွင် မကြာသေးမီက ငလျင်လှုပ်ခတ်ရာ၌ ပူးပေါင်းညှိနှိုင်းမှုကို ဥပမာအနေဖြင့် ၎င်းက ဖော်ပြခဲ့သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကိုပိုမိုရရှိလာနိုင်မှုသည် တိုးတက်ကောင်းမွန်လာမှု၏ သာဓကဖြစ်သည်။ သက်ဆိုင်သူအသီးသီးနှင့် ဆက်လက်ထိတွေ့ဆက်ဆံမှု‌ရေးကို ၎င်းက တိုက်တွန်းခဲ့သည်။

“ဥပမာအားဖြင့် မြန်မာနိုင်ငံမှာတော့ ပထမ တစ်ချက်က သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံပြောဆိုနိုင်တယ်၊ ဒုတိယ အချက် အနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်တယ်။ တတိယ တစ်ချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအားလုံးကို မည်သည့်အဖွဲ့က ချုပ်ကိုင်ထားသည် ဖြစ်စေ ဒေသအသီးသီးကို ရောက်အောင်ပေးပို့နိုင်တယ်၊ ယခုလက်ရှိတွင်အဖွဲ့သုံးဖွဲ့ရှိတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

“အခုချိန်ထိတော့ ဒါက ကောင်းတယ်။ ဒီအခွင့်အရေးကို အများဆုံးအသုံးချနိုင်ဖို့ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ရဲ့ ဘောင်အတွင်းကနေ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကို ဆုပ်ကိုင်မထားရင်၊ အတူတူ ပူးပေါင်းမလုပ်ဆောင်ရင် အကုန်လုံးဆုံးရှုံးရမယ်” ဟု ၂၀၂၅ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် အကျဉ်းချုံးအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မလေးရှားအမျိုးသားသတင်းအေဂျင်စီ (Bernama) အမှုဆောင်အရာရှိချုပ် ဒတင် ပဒုက နူးအဲလ် အဖီဒါ ကမာလုဒင်၊ ဘနားမား (Bernama) အယ်ဒီတာချုပ် အာရု ရာဂျူး ဒူရာ ရာဂ် နှင့် ဘနားမား စီးပွားရေးသတင်းဌာန အမှုဆောင်အယ်ဒီတာ ဆာရာစဝါသီ မုနီယာပန် တို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ပြည်တွင်း မီဒီယာ ၄၂ ဦး၊ နိုင်ငံတကာမှ မီဒီယာ ၁၈ ဦးနှင့် တာဝန်ကျ တာဝန်ခံ ၂၃ ဦးတို့ ပါဝင်သော မီဒီယာ ကိုယ်စားလှယ် ၈၃ ဦး တက်ရောက်ခဲ့ကြသည်။

မလေးရှား၏ ပဏာမခြေလှမ်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုကို ရရှိခဲ့ကြောင်းလည်း အန်ဝါက ပြောကြားခဲ့သည်။

“ကျုပ်ရဲ့ ညှိနှိုင်းတွေ့ဆုံမှုတွေက ဘရူနိုင်း ဆူလတန် ဟာဆနယ် ဘိုလ်ကီးက အစပြုပြီးတော့ ဖိလစ်ပိုင်သမ္မတ ဘောင်းဘောင်း ဖာဒ်နန်း မားကောစ့် ဂျူနီယာ၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်း၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘိအန်တို နဲ့ စင်္ကာပူဝန်ကြီးချုပ် လော်ရင်း ဝေါင်တို့ ရော အပါ ခေါင်းဆောင် ၉ ဦးကို တွေ့ဆုံပြီး တိုင်ပင်ခဲ့တဲ့အခါ လူတိုင်းက သတိ‌ပေးဖို့ ပြောဆိုတာမရှိခဲ့ပါဘူး” ဟု အန်ဝါ က ပြောကြားခဲ့သည်။

“သူတို့အားလုံးက ကောင်းပါတယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုစားပါ” ဟု ၎င်းက ဆိုသည်။

မလေးရှား၏ ကြိုးပမ်းမှုများသည် အပြုသဘောဆောင်သော ရလဒ်များကို မြင်တွေ့ခဲ့ရပြီး ယခုအခါတွင် မြန်မာနိုင်ငံရှိ စစ်ဘက်အဖွဲ့အစည်းများသည် သွယ်ဝိုက်သော ဆွေးနွေးပွဲများကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

“သူတို့ စကားပြောရမယ့်အချိန်ရောက်ပြီလို့ ထင်ပါတယ်။ မြန်မာပြည်သူတွေကလည်း သူတို့ ဘယ်လိုဖြစ်စေချင်လဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ့်အချိန်ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“နောက်နှစ်မှာ ဒီမိုကရေစီ ရရှိအောင် တင်းတင်းကျပ်ကျပ် တောင်းဆိုတာ၊ ဒါမှမဟုတ် ရွေးကောက်ပွဲ ကို ဘယ်လိုကျင်းပရမယ်ဆိုတဲ့ သတ်မှတ်ခြင်းလိုမျိုး တင်းကျပ်တဲ့ ကန့်သတ်တဲ့ ဘောင်တွေကို ကျနော်တို့ မချမှတ်ပါဘူး။ ဘယ်နိုင်ငံကမှလည်း တခြားနိုင်ငံတွေကို မှန်ကန်တဲ့ ရွေးကောက်ပွဲတွေကို ဘယ်လို ကျင်းပရမလဲဆိုတာကို ပြောပြပေးလို့ မရဘူး။ ဒါကြောင့် သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးလိုက်ပါ” ဟု ၎င်းက ဆိုသည်။

တောင်တရုတ်ပင်လယ်အရေးတွင် အာဆီယံသည် တရုတ်နိုင်ငံနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို တိုးတက်အောင်ဆက်လက်လုပ်ဆောင်သင့်သည်ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။

“အာဆီယံအတွင်း အထူးသဖြင့် အာဆီယံနဲ့ တရုတ်တို့ကြား ညှိနှိုင်းဆောင်ရွက်မှုက တရားဝင်မဟုတ်ရင်တောင် အနည်းဆုံးတော့ အလွတ်သဘောအနေနဲ့ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဆီယံနှင့်တရုတ် ရိုးရိုးဆက်ဆံရေးကို မဖြုတ်ပစ်ဘဲ ဆက်လက်ထားသင့်သည်” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။

Ref: ဘနားမား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့် အပြန်အလှန် ဆက်လက် ပ-စ်ခတ်ခဲ့ပြီး ကာလကြာရှည် ရန်ဘက်များအကြား လေကြောင်းမှ စစ်ခင်းမှုသည် ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။        အီရန်သည် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း နှစ်နာရီအတွင်း အစ္စရေးကို နှစ်ကြိမ်တိုင် ဒုံးမိုးရွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ တယ်လဗီ ဝေဟင်တွင် ပေါ-က်ကွဲသံများထွက်ပေါ်ခဲ့သည်။       မိမိတို့ လေတပ်သည် အီရန်စစ်စခန်းများကို တို-က်ခို-က်မည်ဖြစ်၍ တေရန်မြို့ခံများ ဘေးလွတ်ရာရွှေ့ကြရန် အစ္စရေးက ပြောကြားခဲ့သည်။...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက် က တနင်္လာနေ့တွင် သတင်းဖော်ပြခဲ့သည်။       မကြာခင်က အစ္စရေး၏ တို-က်ခို-က်မှုများကို တုန့်ပြန်သည့် အနေဖြင့် တေရန်သည် ရေလက်ကြားကို ပိ-တ်ပစ်ရန် စဉ်းစားနေသည်ဟု အီရန် ပါလီမန် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အဖွဲ့ဝင် အီစမိုင်ကိုဆာရီက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။         “ရန်သူကို အပြစ်ပေးရာမှာ ကျွန်ုပ်တို့ရဲ့ လက်တွေကို ကျယ်ကျယ်ဖွင့်ထားပြီး စစ်ရေးတုန့်ပြန်မှုက...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအပြန် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ပိုမိုပြေးဆွဲရန်လည်း ကြိုးပမ်းကြမည်ဖြစ်သည်။ ဗဟိုအာရှငါးနိုင်ငံအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်စစ်‌‌ရေးရာရုံးများဖွင့်လှစ်ရေး လွယ်ကူချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အကဲဖြ-တ်သွားမည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ တရုတ်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့်အတူ လက်ရှိ ရှိပြီးသားဆိပ်ကမ်းများကို ခေတ်မီအဆင့်မြင့်တင်သွားရန်နှင့် ဆိပ်ကမ်းသစ်များ လိုအပ်နိုင်ခြေအတွက် ဆန်းစစ်သွားမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071