တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းရလဒ်များကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ရာ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) မှ အကျဉ်းသား ၁၄ ဦးသည် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
အကျဉ်းထောင်နှစ်ခုလုံးမှ ပြစ်ဒဏ်ကျ အကျဉ်းသား (၁၆) ဦးသည် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး အားလုံးအောင်မြင်ခဲ့ကာ ထိုထဲမှ (၁၄)ဦးသည် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အောင်မြင်သူများ၌ ၃ ဘာသာ ဂုဏ်ထူး ၁ ဦး၊ ၂ ဘာသာ ဂုဏ်ထူး ၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူး ၄ ဦးနှင့် ရိုးရိုးအောင် ၂ ဦးဖြစ်သည်။
ထိုနည်းတူ မန္တလေးဗဟိုအကျဉ်းထောင်မှလည်း အကျဉ်းသား ၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရသူ ၅ ဦးနှင့် ၂ ဘာသာ ဂုဏ်ထူးရသူ ၁ ဦး ဖြစ်သည်ဟု သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြန်လည်ဖြေဆိုခဲ့ရသော တက္ကသိုလ်ဝင်စာမေးပွဲတို့၏ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇူလိုင် ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ အောင်မြင်သူ(၉၉,၉၂၄)ဦးရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ဖြေဆိုသူ(၂၀၇,၈၉၈)ဦးအနက် အောင်မြင်သူ(၉၉,၉၂၄)ဦးရှိခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၈ ဒသမ ၀၆)ဖြစ်ကြောင်း သိရသည်။
