ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။
ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန် တို့သည် အဆိုပါကျွန်းသို့ သွားရောက်ခဲ့ကြသည်ဟု တောင်အာဖရိကလူရွှင်တော်နှင့် Grammy ဆုပေးပွဲ တင်ဆက်သူ Trevor Noah က ပွဲတစ်ခုတွင် နောက်ပြောင်ပြောဆိုခဲ့မှုအပေါ် ထရမ့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
“ကလင်တန် အတွက်တော့ ကျွန်တော် ပြောမပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အက်ပ်စတိန်း ကျွန်းကို ဘယ်တုန်းကမှ မသွားခဲ့သလို အနားတောင် မသီဖူးပါဘူး။ ဒီညက မှားယွင်းပြီး အသရေဖျ-က်တဲ့ ပြောဆိုမှုတွေ မထွက်လာခင်အထိ Fake News မီဒီယာတွေကတောင် ကျွန်တော့်ကို အဲဒီကို သွားခဲ့တယ်လို့ မစွပ်စွဲဖူးပါဘူး” ဟု ထရမ့် က Truth Social တွင် ရေးသားခဲ့သည်။
အဆိုပါစွပ်စွဲချက်များအတွက် တရားရင်ဆိုင်သွားမည်ဟုလည်း ထရမ့်ကပြောဆိုခဲ့ပြီး ” အဆင့်အတန်းမရှိတဲ့၊ အရည်အချင်းမရှိတဲ့ အရှုံးသမား အစီအစဉ်တင်ဆက်သူကို တရားစွဲဖို့ ကျွန်တော့်ရဲ့ ရှေ့နေတွေကို လွှတ်ရတော့မယ် ထင်တယ်။ Noah ရေ… မင်းတော့ပျော်ရတော့မယ်၊ ပြင်ထားပေတော့ ” ဟု လည်း ပြောကြားခဲ့သည်။
