Thursday, June 19, 2025

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့်...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက်...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့်...

ထိုင်းနှင့် နယ်မြေအငြင်းပွားမှုတွင် အစိုးရကို ထောက်ခံကြောင်း...

     ပြီးခဲ့သောလက ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့မှုမှ အစပြုခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်လက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် မြို့တော်ဂျကာတာ၌ အစိုးရက စီစဉ်သော...
HomeNewsLocal Newsအက်တမ် (ATOM) နှင့်...

အက်တမ် (ATOM) နှင့် ZTE တို့မှ လက်တွဲပူးပေါင်းကာ မြန်မာ့ဒစ်ဂျစ်တယ်ဆက်သွယ်ရေးအနာဂတ်ကို အရှိန်အဟုန်မြှင့်တင်သွားမည်

ယနေ့ ဇွန်လ (၃) ရက်တွင် မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် ZTE တို့သည် မျိုးဆက်သစ် Business Support System (BSS) ကို ပူးတွဲဖော်ဆောင်၊ ပြောင်းလဲကျင့်သုံးပြီး မြန်မာ့ဆက်သွယ်ရေး ချိတ်ဆက်မှုကဏ္ဍ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ရန် စတင်အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အက်တမ် (ATOM) နှင့် ZTE တို့သည် cloud နည်းပညာပိုင်းဆိုင်ရာ ဒစ်ဂျစ်တယ် ဖန်တီးတည်ဆောက်ခြင်းနှင့် တိုးချဲ့လုပ်ဆောင်မှုများမှတဆင့် ဉာဏ်ရည်မြင့်ကွန်ရက်ချိတ်ဆက်လေ့လာနိုင်မှုနှင့် ထိရောက်စွာလုပ်ငန်း လည်ပတ်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကာ အဆိုပါပူးတွဲလုပ်ဆောင်ချက်များသည် ရေရှည်ချမှတ်ထားသည့် ရည်မှန်းချက်ကိုရည်မှန်းချက်ကိုအကောင်အထည်ဖြစ်ပေါ်စေပြီး ဝန်ဆောင်မှုပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် 5G Monetization အပါအဝင် IoT နည်းစနစ် အသုံးပြုခြင်းများပါဝင်သော အနာဂတ်တိုးတက်မှု အခွင့်အလမ်းများ ဖြစ်ပါတယ်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချူပ် Ahmad Abdallah မှ “အခုလို လက်တွဲပူးပေါင်းခြင်းဟာ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်အတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Whale Cloud ရဲ့ အဆင့်မြင့်နည်းပညာပေါင်းစပ်ပြီး BSS ဆန်းသစ်တီထွင်မှုပိုင်းမှာ ဦးဆောင်နေတဲ့ ZTE ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အက်တမ် (ATOM) ရဲ့ သုံးစွဲသူဦးစားပေးရည်မှန်းချက်တွေရယ် ပေါင်းစပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လက်ရှိဝန်ဆောင်မှု ပေးနေတဲ့ အပိုင်းကို အဆင့်မြှင့်ဖော်ဆောင်နိုင်မှာ ဖြစ်ပြီးတော့ လုပ်ငန်းကို မြန်ဆန်စွာ လည်ပတ်စေနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အဆင်ပြေချောမွေ့ပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတစ်ခုကို ဖန်တီးဖွင့်ဟ ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ ပါတယ်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် ခေတ်သစ်တစ်ခုကို စတင်ဝင်ရောက်လာပြီဖြစ်ရာ အက်တမ် (ATOM) နှင့် ZTE ကုမ္ပဏီနှစ်ခုစလုံးသည် နည်းပညာသစ်များကို မိတ်ဆက်ပေးရုံသာမက ဆက်သွယ်ရေးကွန်ရက်များနှင့် မြန်မာ ပြည်သူလူထု၏ ဘဝများကိုပါ ကောင်းမွန်သော ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုလက်တွဲပူးပေါင်းမှုသည် နိုင်ငံတကာ၏ထိပ်တန်းအလေ့အကျင့်များကို ယူဆောင်လာပေးမည်ဖြစ်ပြီး အဆင့်မြင့်ပလက်ဖောင်းများနှင့် စဉ်ဆက်မပြတ်ဆန်းသစ်တီထွင်နေသည့် ယဉ်ကျေးမှု တစ်ရပ်အား မြန်မာနိုင်ငံ ဆက်သွယ်ချိတ်ဆက်ရေးဂေဟစနစ်ကြီး၏ အဓိကနေရာတွင် တည်ရှိစေမည်ဖြစ်ပါသည်။

“အခုလို နည်းပညာအသွင်ကူးပြောင်းမယ့် ခရီးစဉ်မှာ အက်တမ် (ATOM) နဲ့ လက်တွဲရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့မှာ အသုံးဝင်ပြီးသား ဒစ်ဂျစ်တယ် BSS လုပ်ဆောင်ရည်တွေကို အက်တမ် (ATOM) ရဲ့ ဈေးကွက် ဦးဆောင်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လုပ်ငန်းလည်ပတ်မှုနဲ့ သုံးစွဲသူအရည်အသွေးတွေ ပိုပြီးမြင့်တက် လာမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ ထိပ်တန်းနည်းပညာ၊ အဆင့်မြင့်ပြီးယုံကြည်စိတ်ချရတဲ့ hardware၊ software တွေအပါအဝင် ပြည့်စုံတဲ့ ဝန်ဆောင်မှုစွမ်းရည်တွေ ယူဆောင်လာပေးခြင်းအားဖြင့် ZTE က အက်တမ် (ATOM) အတွက် အကောင်းမွန်ဆုံးသုံးစွဲသူအတွေ့အကြုံတစ်ခုကို ပေးအပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ Whale Cloud နည်းပညာရဲ့ အကူအညီနဲ့ ဆန်းသစ်တီထွင်မှုကိုဆန်းသစ်တီထွင်မှုကိုဆက်လက်လုပ်ဆောင်ကာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေးအတွက် စံနှုန်းအသစ်တစ်ခုကို ချမှတ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး အနာဂတ်ရဲ့ လိုအပ်ချက်တွေကို တိုးတက်ပြောင်းလဲနိုင်ဖို့၊ အက်တမ် (ATOM) ရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို ကူညီ ဆောင်ရွက်ပေးဖို့နဲ့ အမြင့်မားဆုံးရလဒ်တစ်ခု ဖန်တီးပေးဖို့ ဒစ်ဂျစ်တယ်အခြေခံအုတ်မြစ်တစ်ခုကို ဖော်ဆောင် နေကြတာပဲဖြစ်ပါတယ်” ဟု ZTE ၏ အမှုဆောင်အရာရှိချုပ် Mr. Gavin Cai က ပြောကြားခဲ့ပါသည်။

အဆိုပါ အစီအစဉ်ကို ခန့်မှန်းခြေအားဖြင့် ၁၈ လကြာ သတ်မှတ်ထားပြီး အစပိုင်းတွင် Enterprise Business Customer (B2B) လုပ်ဆောင်ချက်များပါရှိကာ Retail Business Customer (B2C) လုပ်ဆောင်ချက်များအထိ တစ်ဆင့်ချင်း ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါကာလအတွင်း အက်တမ် (ATOM) ၏ ဌာန အသီးသီးမှ တာဝန်ရှိသူများက ZTE နှင့်အနီးကပ် ပူးတွဲလုပ်ဆောင်ကာ နိုင်ငံတကာအကောင်းဆုံး လုပ်ထုံးလုပ်နည်း များနှင့်အညီ အလုံးစုံပေါင်းစပ်ပါဝင်သည့် BSS လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ် ပလက်ဖောင်း တစ်ခုအဖြစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့် အပြန်အလှန် ဆက်လက် ပ-စ်ခတ်ခဲ့ပြီး ကာလကြာရှည် ရန်ဘက်များအကြား လေကြောင်းမှ စစ်ခင်းမှုသည် ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။        အီရန်သည် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း နှစ်နာရီအတွင်း အစ္စရေးကို နှစ်ကြိမ်တိုင် ဒုံးမိုးရွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ တယ်လဗီ ဝေဟင်တွင် ပေါ-က်ကွဲသံများထွက်ပေါ်ခဲ့သည်။       မိမိတို့ လေတပ်သည် အီရန်စစ်စခန်းများကို တို-က်ခို-က်မည်ဖြစ်၍ တေရန်မြို့ခံများ ဘေးလွတ်ရာရွှေ့ကြရန် အစ္စရေးက ပြောကြားခဲ့သည်။...

ဟော်မုဇ်ရေလက်ကြားပိ-တ်မည်ဟုအီရန်ခြိမ်းခြောက်၍ရေနံဈေးတက်နိုင်

         အီရန်နိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို ပိ-တ်ရန် ဆုံးဖြတ်ခဲ့ပါက ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၁၃၀ အထိ မြင့်တက်သွားနိုင်ကြောင်း အန်တာရာသတင်းဌာနကို ကိုးကား၍ တူရကီသတင်းစာဟူရီယက် က တနင်္လာနေ့တွင် သတင်းဖော်ပြခဲ့သည်။       မကြာခင်က အစ္စရေး၏ တို-က်ခို-က်မှုများကို တုန့်ပြန်သည့် အနေဖြင့် တေရန်သည် ရေလက်ကြားကို ပိ-တ်ပစ်ရန် စဉ်းစားနေသည်ဟု အီရန် ပါလီမန် နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကော်မတီ အဖွဲ့ဝင် အီစမိုင်ကိုဆာရီက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။         “ရန်သူကို အပြစ်ပေးရာမှာ ကျွန်ုပ်တို့ရဲ့ လက်တွေကို ကျယ်ကျယ်ဖွင့်ထားပြီး စစ်ရေးတုန့်ပြန်မှုက...

ကုန်လမ်းနှင့်လေကြောင်းဆက်သွယ်မှုပိုကောင်းစေရေးတရုတ်နှင့်ဗဟိုအာရှနိုင်ငံများသဘောတူ

တရုတ်နှင့် ဗဟိုအာရှနိုင်ငံများသည် ကာလမ်း၊ မီးရထားလမ်းနှင့် လေကြောင်း ဆက်သွယ်‌ရေး ကို ပိုမိုတိုးတက် ကောင်းမွန်စေရန် ဆန္ဒရှိနေကြသည်။ အပြန်အလှန်ဆက်သွယ်‌ရေးကို တိုးမြှင့်ရန် သဘောတူကြသောကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် အသွားအပြန် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ပိုမိုပြေးဆွဲရန်လည်း ကြိုးပမ်းကြမည်ဖြစ်သည်။ ဗဟိုအာရှငါးနိုင်ငံအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းလွယ်ကူစေရေး အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်စစ်‌‌ရေးရာရုံးများဖွင့်လှစ်ရေး လွယ်ကူချောမွေ့စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အကဲဖြ-တ်သွားမည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ တရုတ်သည် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တို့နှင့်အတူ လက်ရှိ ရှိပြီးသားဆိပ်ကမ်းများကို ခေတ်မီအဆင့်မြင့်တင်သွားရန်နှင့် ဆိပ်ကမ်းသစ်များ လိုအပ်နိုင်ခြေအတွက် ဆန်းစစ်သွားမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071