ပျေ-ာက်ဆုံးနေသူများရှိသလို ချောင်းရေနှင့်အတူမျောပါလာသည့် ရုပ်အလေ-ာင်းများလည်းရှိ
သံတောင်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ(၅)ရက်က စတင်ပြီး မိုးများပြီး ရေကြီးခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်ကာ ရွာနှင့် ဥယျာဉ်ခြံမြေ အများအပြားပျ-က်ဆီးခဲ့ပြီး ပြန်လည် ထူထောင်ရေးအတွက် အကူညီများစွာလိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ အချိန်ထိ ေ-သဆုံးသူ (၁၃) ဦးထက်မနည်းရှိနေသလို ပျေ-ာက်ဆုံးနေသူများလည်းရှိပြီး မြေပြိုမှုကြောင့် လမ်းများပျ-က်စီးကာ အခက်ခဲများစွာ နှင့် ရင်ဆိုင်နေရဆဲဖြစ် ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများထံ မှ သိရသည်။
ဩဂုတ်လ(၁၂)ရက် ညပိုင်းထိ အခြေအနေများအရ သူးထူးရှေ နှင့် သောက်ရေးခပ်စပ် ချောင်းတွင် မျောပါလာသည့်အမည်မသိ ပိုင်ရှင်မဲ့ ရုပ်အလေ-ာင်း(၃)လောင်းကို လည်းတွေ့ရှိထားကြောင်း သိရသည်။
ဥယျာဉ်ခြံမြေများရှိ စားပင်သီးပင်များအပြင် နေအိမ်များပါ ပျ-က်ဆီးခဲ့ခြင်းကြောင့် အခက်ခဲများစွာရှိနေပြီး သံတောင်ကြီးနှင့် ကျေးရွာချင်းဆက်လမ်းများ ကျေးရွာအချင်းချင်းဆက်ထားသည့် လမ်းတံတားပျ-က်ဆီးမှုများလည်း အများအပြားရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံ မှ သိရသည်။
နောက်ဆက်တွဲအနေဖြင့် ဥယျာဥ်ခြံမြေများ ထိခိုက်ပြီး စိုက်ပျိုးထားသည့် ကော်ဖီ ၊ ဖာလာ၊ တညင်း၊ ဒူးရင်း၊ ကွမ်းသီး၊ကွမ်းပင်များပါ ပျက်စီးသွားခြင်းကြောင့် ဒေသခံပြည်သူ များအနေဖြင့် အခက်ခဲများရင်ဆိုင်နေရကြောင်း သိရသည်။
