Tuesday, February 3, 2026

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...
HomePopular Academyအကယ်ဒမီ (၇) ဆုရှင်...

အကယ်ဒမီ (၇) ဆုရှင် ဖြစ်လာနိုင်ချေရှိနေသည့် ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်

မနက်ဖြန် ဖေဖေါ်ဝါရီ (၃) ရက်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ပွဲအခမ်းအနားတွင် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ချေများသည့် သရုပ် ဆောင်များကို ပရိသတ်များနှင့် ရုပ်ရှင်အသိုင်းအဝိုင်းက ထင်ကြေးပေး ရွေးချယ်မှုများ လုပ်ဆောင်နေကြပြီဖြစ်သည်။

ယင်းကဲ့သို့ ထင်ကြေးပေးခန့်မှန်းခြင်းခံနေရသည့် အနုပညာရှင်များထဲတွင် ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်လည်း ပါဝင်နေသည်။

“စောင်နီလေးတစ်ထည်” ဇာတ်ကားသည် ဒါရိုက်တာ ‌တင်အောင်စိုး(ပန်းမြို့တော်) ကဖန်တီးပုံဖော်ထားခြင်းဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီ စိုးမြတ်သူဇာ ၊ အကယ်ဒမီ စိုးမြတ်နန္ဒာ ၊ နက္ခတ် ၊ ကျော်ဇောဟိန်း ၊ L နေနော်၊ Lဆိုင်းဇီနှင့် အနုပညာရှင်များ တပ်မတော် ဂုဏ်ပြု ဇာတ်ကားတစ်ကား ဖြစ်သည်။

အကယ်ဒမီရန်အောင်သည် အဆိုပါ “စောင်နီလေးတစ်ထ ည်” ဇာတ်ကားတွင် ကချင်တိုင်းရင်းသား တစ်ဦးအနေဖြင့် ပါဝင် သရုပ်ဆောင်ထားပြီး ရုပ်ရှင်တစ်ကားလုံး၏ ဇာတ်ရှိန်အနိမ့်အမြင့် အချိတ်အဆက်မိစွာဖြင့် ရသမြောက်အောင် သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်အတွက် အကယ်ဒမီဇာတ်ပို့ဆု ရရှိရန် ရေပန်းစားနေခြင်း ဖြစ်သည်။

ဖခင်တစ်ယောက်၏ မေတ္တာကို ပီပြင်စွာ ပုံဖော်သရုပ်ဆောင်နိုင်ခဲ့သည့်အပြင် မိမိဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေငြိမ်းချမ်းရေးအတွက် စိတ်စေတနာမှန်ရှိသည့် ကချင်တိုင်းရင်းသားတစ်ဦးအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့်အတွက် အကယ်ဒမီအတွက် ထင်ကြေးပေးခံရသူများထဲတွင် ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

“စောင်နီလေးတစ်ထည်” ဇာတ်ကားသည် မေတ္တာတရား နှင့်ဒေါသမာန်ဟုန်၊ ခွင့်လွှတ်ခြင်း နှင့် အငြိုးအာဃာတ၊ အချစ် နှင့် အမုန်း၊ စစ် နှင့် ငြိမ်းချမ်းရေးစသည့် မတူညီသော ခံစား မှု ရသများအားလုံးတစ်နေရာထဲတွင် မြင်တွေ့ကြည့်ရှု့နိုင်မည့်ဇာတ်ကားတစ်ကားပင် ဖြစ်သည်။

အကယ်ဒမီရန်အောင်သည် လက်ရှိတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသားဇာတ်ဆောင်ဆု (၆) ဆုအထိ ချီးမြှင့်ခြင်း ခံ ထားရသည့် ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် တစ်ဦးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု ဖားကန့်တွင်ဖြစ် ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည် အခြေခံပညာအထက်တန်း ကျောင်း(ဖားကန့်)အဆောက်အအုံနှင့် အနီးဝန်းကျင်၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် Grade-4 တွင်ပညာသင်ကြားနေသော ကလေးငယ်(၂)ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိပြီး စာသင်ဆောင်အဆောက်အအုံများပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကျောင်း သားကလေးငယ်(၂)ဦးကို တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေးကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကိုဆွေးနွေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူ များ၊ ရုရှားနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov တို့ကရေးထိုးလဲလှယ်ခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov သည် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်လည်းတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071