Sunday, May 17, 2026

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း သောက်သုံး ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၆ ရက်တွင် မန္တလေးတိုင်း၊...

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို...

စုစုပေါင်းအရှည်(၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော ပြင်ဦးလွင်မြို့မှ အဓိက...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ စုစုပေါင်းအရှည် (၃၂,၈၁၃)ပေ၊ အကျယ်(၂၄)ပေအဆင့်မြှင့်တင်ထားသော အဓိကလမ်းမကြီး(၅)လမ်းကို ယနေ့ မေ ၁၆ ရက်တွင် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomePopular Academyအကယ်ဒမီ ဆုရနိုင်သူများစာရင်းတွင် (၁)...

အကယ်ဒမီ ဆုရနိုင်သူများစာရင်းတွင် (၁) ပြေးနေသည့် “လူသားအသည်းနှလုံး စိုင်းစိုင်း”

မကြာသေးမီ လပိုင်းအတွင်းက ထွက်ခဲ့သည့် ” လူသားအသည်းနှလုံးနှင့် ကျွန်တော်” သီချင်းနှင့် ပရိသတ်များ၏ အားပေးမှုကို သိမ်းပိုက်လိုက်ပြန်သည့် အဆိုတော် ၊ သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ စိုင်းစိုင်းခမ်းလှိုင်သည် ယနေ့ည ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲတွင်လည်း အကယ်ဒီဆု ချီးမြှင့်ခြင်း ခံရနိုင်ကြောင်း ထင်ကြေးပေးခံနေရသည်။

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် နေပြည်တော် ၊ MICC (1) ၌ ၂၀၂၄ ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ်ဆောင်ထားသည့် “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့ရင်” ဇာတ်ကားမှာ အကယ်ဒမီ ဆန်ကာတင်စာရင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။

“ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်” ဇာတ်ကားကို ဒါရိုက်တာ ကောင်းဇံက ဖန်တီပုံဖော်ထားပြီး စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည် ၊ မင်းသူ ၊ ခင်ဇာခြည်ကျော် ၊ မင်းဦး ၊ ခင်မို့မို့အေး ၊ထူးခြား ၊ ဆင်မ ၊ ဇော်မှိုင်း ၊ ဂရိတ်ချမ်း ၊ ကျော်ထက် ၊ ဇူဇူးဈာန် စသည့် ဝါရင့်သရုပ်ဆောင်များ ပါဝင်အားဖြည့်ထားသည့် ဇာတ်ကားဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ရုံတင်ပြသခဲ့သည့် “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားခြင်းဖြစ်သည်။

အကယ်၍ ယခုနှစ်တွင်ပါ ထပ်မံရရှိမည်ဆိုပါက နှစ်‌ထပ်ကွမ်း အကောင်းဆုံ ဇာတ်ဆောင် အကယ်ဒမီဆုရှင်အဖြစ် မှတ်တိုင်စိုက်ထူနိုင်မည့်အပြင် သူ၏ ထုတ်လုပ်ရေးက ရရှိထားသည့် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနှင့်ပါဆိုလျင် အကယ်ဒမီ (၃) ဆုကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာမည်လည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က ရုံတင်ပြသခဲ့သည့် “ပိတောက်ကတဲ့ ဂီတ”ဇာတ်ကားမှာ အဆိုပါနှစ်အတွက် အကောင်းဆုံးထူးချွန်ဆုများအနေဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ၊
အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံး နောက်ခံတေးဂီတဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုစသဖြင့် စုစုပေါင်း အကယ်ဒမီ (၄)ဆုရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှာကြား

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း သောက်သုံး ရေလုံလောက်စွာရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ မေ ၁၆ ရက်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီး ရတနာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံတယ်လီပို့အဆောက်အဦတို့အားကြည့်ရှုစစ်ဆေးစဥ် အထက်ပါအတိုင်းမှာ ကြားခဲ့ခြင်းဖြစ်သည်။ အဆောက်အဦများတည်ဆောက်ရာ၌ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရန်၊ စီမံကိန်းဧရိယာအတွင်း စိမ်းလန်းစိုပြေရေး၊ ရေအရင်းအမြစ်များကို အပြည့်အဝနှင့်အကျိုးရှိရှိအသုံးချနိုင်ရေး စီမံဆောင် ရွက်ရန်၊ ရတနာပုံမြို့သစ်စီမံကိန်းအတွင်း ဒီဂျစ်တယ်၊ အိုင်တီနှင့် အေအိုင်နည်းပညာများ တိုးတက်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် ဒီဂျစ်တယ်၊...

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတပြော

ပြင်ဦးလွင်မြို့အား ကျန်းမာရေးမြို့တော်ဖြစ်စေရန် မူဝါဒချမှတ်ဆောင်ရွက်နေဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၆ ရက်တွင် ပြင်ဦးလွင်မြို့ရှိ မြို့မိ/မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ပြင်ဦးလွင်မြို့ဟာ သဘာဝကပေးထားတဲ့ ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ဖို့ကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်တာကြောင့် ကျန်းမာရေးမြို့တော်အဖြစ်ဆောင် ရွက်နိုင်ဖို့ မူဝါဒချမှတ်ဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ပြင် စွန့်ပစ်အမှိုက်များကို အကျိုးရှိစွာပြန်လည်အ သုံးချ၍ မြို့အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရမည်ဖြစ်ကာ ခရီးသွားမြို့ဖြစ်၍ ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပမှုများ ပိုမိုကောင်းမွန်လာပါက ပြည်တွင်း/ပြည်ပခရီးသွားများပိုမိုများပြားစွာလာရောက်ကြမည်ဖြစ်ပြီး ခရီးသွားလာလည်ပတ်ရန်ကောင်းမွန်သည့်မြို့အဖြစ် ပြင်ဦးလွင်၏ ဂုဏ်ဒြပ်ပိုမိုကောင်းမွန်လာမည်ဟု ပြောသည်။ ထို့ကြောင့် ခရီးသွားများစားသုံးရန်နှင့်...

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ‎ရန်ကုန်တိုင်းဒေ သကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ဖွင့်လှစ် 

အနာဂတ် မြန်မာနိုင်ငံဖွံဖြိုးရေးတွင် တစ်ဖက်တစ်လမ်းမှပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့်ဖွဲ့သည်းထားသည့် ‎ရန်ကုန်တိုင်းဒေသကြီး တော်ဝင်ညီညွတ်သောအိမ်ခြံမြေအကျိုးဆောင်အသင်း(ရုံးချုပ်)ကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ (၄)ရပ်ကွက် ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အသင်းကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်သူများ မြန်မာနိုင်ငံတစ်ဝှမ်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားများ၏ လူနေမှုဘ၀ဖွံဖြိုးတိုးတက်ရေးအတွက်လည်း ရွည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071