ဂန္ထဝင်အနုပညာရှင်၊ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီ ခင်သန်းနု ကွယ်လွန်သည့်သတင်းမှာ သတင်းမှားသာဖြစ်ပြီး လက်ရှိအချိန်အထိ ကျန်းမာနေကြောင်း တူမဖြစ်သူက ပေါ် ပြူလာနယူးစ်ကို ပြောသည်။
“အန်တီ မဆုံးပါဘူးရှင်၊ ကျန်းမာပါတယ်လို့ ပြောပါတယ်”ဟု ဆိုသည်။
ဒေါ်ခင်သန်းနုကို ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်တွင် ပျဉ်းမနားမြို့နယ်၊ အောင်းကုန်းကျေးရွာ၌ မွေးဖွားခဲ့ပြီး အသက် (၈၀) ပြည့်ရန် ရက်ပိုင်းသာလိုတော့သည်။
၈၀ ပြည့်မွေးနေ့အတွက် စီစဉ်နေကျ ဒီဇိုင်နာကလည်း စီစဉ်နေပြီး ဒေါ်ခင်သန်းနုကတော့ အနည်းငယ်ရင်ကြပ်လျှက်ရှိနေသည်ဟု သိရသည်။
ယခင်နှစ်အကယ်ဒမီပွဲတွင် ရုပ်ရှင်တသက်တာ ထူးချွန်ဆုကို ခေတ်ပြိုင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေနှင့် အတူ ရရှိခဲ့သည်။
