မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ၌ မြန်မာ့အကယ်ဒမီဖက်ရှင်ဆုများ ထည့်သွင်းချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
ယင်းဆုများကို ပွဲတက်ရောက်လာသည့် မြန်မာ့ရုပ်ရှင် အနုပညာရှင် (၄)ဦးကို ချီးမြှင့်မည်လည်း ဖြစ်သည်။
ယင်း ဆုများ အတွက် အကဲဖြတ်ဒိုင်အနေဖြင့်ရုပ်ရှင် သရုပ်ဆောင်အကယ်ဒမီ ဆွေဇင်ထိုက်၊ ကိုဂျွန်လွင်(Star & Model International)၊ ဒီဇိုင်နာပြည်စိုးအောင်၊ မိတ်ကပ်ခင်စန်းဝင်းနှင့် ဓာတ်ပုံကိုနိုင်(R2) တို့က တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ၌ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှု အကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသမီးဆုဟူ၍ ဆု (၄) ဆုကို ပေးအပ်မည် ဖြစ်သည်။
ထို့ပြင် မြန်မာ့အကယ်ဒမီဖက်ရှင်ဆုများအတွက် Like နှင့် Love များ၏ React ပေးသူများကို ရေတွက်မည်ဖြစ်ကာ Angry နှင့် Sad React ပေးသူများကို Uncount လုပ်သွားမည် ဖြစ်သည်။
၂၀၂၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင်လည်း အဆိုပါ ဆုများထည့်သွင်း ချီးမြှင့်ခဲ့ရာ အကောင်းဆုံးဝတ်စားဆင် ယင်မှုဆုကို အကယ်ဒမီ ခန့်စည်သူ၊ ဟင်နရီစံ၊ အကယ်ဒမီ ခင်သီတာထွန်းနှင့် အိချောပိုတို့မှ ရရှိခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် Best Fashion Award ကို ရန်အောင်၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာနဲ့ မိုးဟေကိုတို့ရရှိခဲ့ကြောင်း သိရသည်။
