Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeCelebrities' Newsအကယ်ဒမီဇာတ်ပို့ထူးချွန်ဆုအတွက် ဇာတ်ပို့စစ်စစ်တွေ ရင်ခုန်ခွင့်ရပြီ...

အကယ်ဒမီဇာတ်ပို့ထူးချွန်ဆုအတွက် ဇာတ်ပို့စစ်စစ်တွေ ရင်ခုန်ခွင့်ရပြီ ဒါရိုက်တာ ညီညီထွန်းလွင်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှာ အတွင်းရေးမှူးအဖြစ် တာ ဝန်ထမ်းဆောင်နေတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က အကယ်ဒမီဆုပေး ပွဲမှာ နှစ်စဉ်ဖြစ်ပေါ်နေကျ အဓိက ဇာတ်ဆောင်နဲ့ ဇာတ်ပို့မကွဲပြားဘဲ အကယ်ဒမီဆုပေးနေကြတဲ့ ပြဿနာ တွေကို အခုနှစ်မှာ အဆင်ပြေအောင် အကယ်ဒမီဘုတ်အဖွဲ့ ဖွဲ့စည်းတဲ့ အချိန်မှာ အဓိကဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်အလွှာကို ထည့်သွင်း သွားဖို့ အစီအစဉ်ရှိလာမယ်လို့ မှတ် ချက်ပြု ပြောပြခဲ့ပါတယ်။

”အဲဒီကိစ္စတွေကို ပြေလည်နိုင် အောင် အခုလာမယ့် နှစ်အတွက် အကယ်ဒမီဘုတ်အဖွဲ့ကို ဖွဲ့စည်း က တည်းက သရုပ်ဆောင် အလွှာကို ဖွဲ့ စည်းတဲ့အခါမှာ အဓိကသရုပ်ဆောင် ပညာရှင် ၅ ဦး။ ပြီးတော့ ဇာတ်ပို့ ဇာတ်ရံ အကဲဖြတ်ကော်မတီက ၅ ဦး ဆိုပြီးတော့ ဖွဲ့စည်းလိုက်မယ်။ ဇာတ် ပို့ဇာတ်ရံတွေကလည်း အကယ်ဒမီ အကဲဖြတ်ထဲမှာ ပါမယ်။ ပြီးခဲ့တဲ့ နှစ်အထိ အကဲဖြတ်ထဲမှာ မပါခဲ့ဘူး။ ဒါကလည်း သူတို့တွေ မပါဝင်ဘူးဆို တာ အပြစ်တင်လို့မရဘူးလေ။ ဇာတ် ပို့ဇာတ်ရံ ပညာရှင်တွေကို လိုက်ရှာ ရတာ ခက်တယ်။ အခုထက်ထိလည်း နားနေတဲ့ ဇာတ်ပို့ဇာတ်ရံပညာရှင် ဆိုတာ ရှားတယ်။ အခုထက်ထိလည်း အဲဒီဇာတ်ပို့ဇာတ်ရံ ၅ ဦးကို ရှာပါ ဆိုရင်လည်း တအားရှာရခက်မယ်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းမှာ ဇာတ် ကားမရိုက်တဲ့ သူမှလည်း ဖြစ်ဦးမှ။ အဲဒီလို ဇာတ်ပို့ဇာတ်ရံ ပညာရှင်က လည်း ရှားတယ်။ ဒါပေမဲ့ ဇာတ်ပို့ ဇာတ်ရံ ပညာရှင် ၅ ဦး ပါကိုပါအောင် ဒီနှစ်မှာ စီစဉ်သွားမယ်။ နောက်တစ် ခုမှာ ဒီနှစ် ဆုံးဖြတ်ထားမှုတွေအရ သူတို့ ၅ ဦးကနေပြီး အကယ်ဒမီမှာ ဆန်ခါတင်ဇာတ်ကားတွေ တက်လာ လို့ ဒီမင်းသားမင်းသမီးတွေကိုတော့ ဇာတ်ပို့ဇာတ်ရံနေရာကနေ တင်ထား တယ်ဆိုရင် သူတို့က မကြိုက်လို့ အဲဒီ နေရာအတွက် ဖြုတ်ချမယ်ဆိုရင် ဖြုတ်ချပိုင်ခွင့်ရှိသွားမယ်။ အခု အသစ်လုပ်မယ့် စည်းမျဉ်းစည်းကမ်း တွေအရဆိုရင် သူတို့မကျေနပ်ရင် ဖြုတ်ပစ်နိုင်တယ်။ အဲဒီတော့ လာ မယ့်နှစ် အကယ်ဒမီဆုပေးပွဲဟာ ပြီး ခဲ့တဲ့နှစ်အကယ်ဒမီဆုပေးပွဲထက် ချွတ်ယွင်းချက်တွေ နည်းသွားမယ်လို့ ယုံကြည်ပါတယ်”လို့ ဒါရိုက်တာ ညီညီ ထွန်းလွင်က ပြောပြပေးခဲ့ပါတယ်။

ဒါ့အပြင် မကြာတော့တဲ့ နှစ် အပိုင်း အခြားမှာ မြန်မာ့ရုပ်ရှင် နှစ် တစ်ရာပြည့်ကို ရောက်ရှိလာတော့မှာ ဖြစ်ပြီး နှစ်တစ်ရာပြည့်မရောက်ခင် မှာ သူဖြစ်ချင်တဲ့ ဆန္ဒတချို့ကို ထုတ် ဖော် ပြောပြခဲ့တာကတော့ …

”နေပြည်တော်မှာ အခုချိန် လောက်ကတည်းက ရုပ်ရှင်စတူဒီယို တွေ တည်ဆောက်ဖို့ လိုအပ်နေပါ ပြီ။ ရုပ်ရှင်စတူဒီယို ဖြစ်တဲ့အတွက် Indoor ပါမယ်။ Outdoor ပါမယ်။ တိုက်တာလုံးချင်းတွေကအစ ပျဉ် ထောင်အိမ်တွေပါမယ်၊ ရွာတွေပါ မယ် စသည်ဖြင့်ပေါ့။ အများကြီး တည်ဆောက်ရမှာဖြစ်တယ်။ နေ ပြည်တော်မှာက အဘက်ဘက်က ပြည့်စုံတယ်။ ရှောပင်းမောလ်ကြီးတွေ လည်း ရှိနေတယ်။ လမ်းတွေဆိုရင် လည်း တအားလှတယ်။ ရုပ်ရှင် သမားတွေကတော့ စတူဒီယိုတွေကို ရန်ကုန်မှာပဲ လုပ်ချင်ကြတာများ တယ်။ ဒါပေမဲ့ ဒီမှာက လမ်းကြောင်း ကျပ်တည်းမှုတွေ တအားဖြစ်နေတဲ့ အတွက် အချိန်တွေ အများကြီးပေး နေကြရပါတယ်။ ပြီးတော့ ပြင်ဦး လွင်မှာလည်း နေရာအတော်အများ က ရိုက်ကူးမှုတွေ ထပ်နေပါပြီ။ အဲဒီ တော့ နေပြည်တော်က အသင့်တော် ဆုံးလို့ မြင်မိတယ်။ တကယ်တော့ အိမ်အစစ်တွေ နေရာအစစ်တွေမှာ ရိုက်ကူးနေရတဲ့ ကျွန်တော်တို့တွေ အတွက် အခက်အခဲတွေများစွာ ရှိ နေပါတယ်။ သံတစ်ချက်ရိုက်ဖို့တောင် အတော်မလွယ်တဲ့ ကိစ္စလေ။ အဲဒီ တော့ ရုပ်ရှင်ရာပြည့်မရောက်ခင်မှာ နေပြည်တော်မှာ ရုပ်ရှင်စတူဒီယိုတွေ ပေါ်လာစေချင်တယ်။ ရုပ်ရှင်သင် တန်းကျောင်းတွေကို အစိုးရက ပံ့ပိုး ပေးမယ်လို့တော့ အခုကြားသိတယ်။ အဲဒီလိုဆိုရင်တော့ ရုပ်ရှင်ရာပြည့်က ကောင်းမွန်လာမယ်”လို့ ဒါရိုက်တာ ညီညီထွန်းလွင် က ပြောပြပေးခဲ့ပါ တယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071