Tuesday, February 17, 2026

နီပေါရွေးကောက်ပွဲအတွက် မဲဆွယ်မှုများစတင်

       ယမန်နှစ်က အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ယခင်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက် ပထမဆုံး အကြိမ်ကျင်းပမည့် လာမည့်လ လွှတ်တော်ရွေးကောက်ပွဲများအတွက် နီပေါလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် တနင်္လာနေ့မှ စတင်၍မဲဆွယ်စည်းရုံးနေကြပြီဖြစ်သည်။        "ဒီရွေးကောက်ပွဲက...

အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး”ခေါင်းစဉ်ဖြင့် မနောပွဲတော်ကျင်းပမည်

အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ ခရိုင်အုပ်ချုပ်ရေးကော် မတီမှကြီးမှူး၍ "တိုင်းရင်းသားစည်းလုံးညီညွတ်ရေး" ခေါင်းစဉ်ဖြင့် မနောပွဲတော်ကို မုံးကိုးမြို့၊ ရပ်ကွက်(၄) ရှိဘောလုံးကွင်း၌စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း  သိရသည်။ အဆိုပါ မနောပွဲတော်အား...

လဟယ်မြို့နယ်ဆေးရုံအတွက် တပ်မတော်အထူးကု ဆရာဝန်များစေလွှတ်ပေးခဲ့ကာ လိုအပ်ပါကထပ်မံစေ...

လဟယ်မြို့နယ်ဆေးရုံအတွက် တပ်မတော်အထူးကု ဆရာဝန်များစေလွှတ်ပေးခဲ့ကာ လိုအပ်ပါကထပ်မံစေ လွှတ်ပေးမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက...

နာဂဒေသလမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရန် ပြည်မအတွင်းဆက်သွယ်သည့်လမ်းများကို ဦးစားပေးဆောင်ရွက်ပေးမည်

နစဂဒေသလမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နှင့်...
HomeNewsLocal Newsဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်နေမှုကို...

ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်နေမှုကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

စီမံကိန်းသည် ဒေသ၏လူမှုအကျိုးစီးပွားကို များစွာအထောက်ကူပြုနိုင်၍ စနစ်တကျဆက်လက်အကောင် အထည်ဖော်ရန်မှာကြား

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်ဖော်ဆောင်လျက်ရှိသည့် ဟွေထိုက်ရေ အားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်နေမှုကို နိုင် ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်ကကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် နိုင်ငံတော် ယာယီသမ္မတမှ ယခုစီမံကိန်းမှတစ်ဆင့် ဒေသ၏လူမှုအကျိုး စီးပွားကိုများစွာအထောက်ကူပြုနိုင်သဖြင့် စီမံကိန်းအား စနစ်တကျဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာကြားသည်။

ထို့ပြင် မိုးရာသီမရောက်ရှိခင် လိုအပ်သည့်တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အားလိုင်းများသွယ်တန်းခြင်းကို ကြိုတင်စီမံဆောင် ရွက်ရန်၊ ဓာတ်အားဖြန့်ခွဲမည့်အစီအမံများအားကြို တင်ရေးဆွဲရန်၊ ရာသီဥတုဆိုးရွားသည့်နေရာဖြစ်၍ အ ခြေခံ Foundation များအား မိုးရာသီမတိုင်မီပြီးစီးအောင်ဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံပုံစံငယ်နှင့် ဓာတ်အားပေးစက်ရုံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအား စစ် ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်ရှိ ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှစ တင်၍တည်ဆောက်နေခြင်းဖြစ်ပြီး (၄)မဂ္ဂါဝပ်တပ်ဆင်စက်အင်အားရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည် ဆောက်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား (၂၀ ဒသမ ၃၈၁)ကီလိုဝပ်နာရီသန်းထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံ ကိန်းပြီးပါက လဟယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာ (၁၂)ရွာ၊ အိမ်ထောင်စု(၁,၇၁၈)စုကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါရွေးကောက်ပွဲအတွက် မဲဆွယ်မှုများစတင်

       ယမန်နှစ်က အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ယခင်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက် ပထမဆုံး အကြိမ်ကျင်းပမည့် လာမည့်လ လွှတ်တော်ရွေးကောက်ပွဲများအတွက် နီပေါလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် တနင်္လာနေ့မှ စတင်၍မဲဆွယ်စည်းရုံးနေကြပြီဖြစ်သည်။        "ဒီရွေးကောက်ပွဲက တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်လိမ့်မယ်" ဟု ရွေးကောက်ပွဲကျင်းပမည့် မတ်လ ၅ ရက်အထိ ကြားဖြတ် အစိုးရဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသော ဆူရှီလာ ကာကီက မဲဆွယ်ရက်မတိုင်မီတွင် ပြောကြားခဲ့သည်။        ရက်သတ္တနှစ်ပတ်ကြာ မဲဆွယ်ကာလအတွင်း အခင်းအကျင်းသစ်ကို မြင်ရမည်ဖြစ်ကာ အပြောင်းအလဲအတွက် ကတိပြုထားသည့် လူငယ်ကိုယ်စားလှယ်လောင်းများသည် တည်ငြိမ်မှုနှင့် လုံခြုံမှုကို ဆောင်ကျဉ်းပေးသည်ဆိုသော ဝါရင့်နိုင်ငံရေးသမားများကို...

အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး”ခေါင်းစဉ်ဖြင့် မနောပွဲတော်ကျင်းပမည်

အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ ခရိုင်အုပ်ချုပ်ရေးကော် မတီမှကြီးမှူး၍ "တိုင်းရင်းသားစည်းလုံးညီညွတ်ရေး" ခေါင်းစဉ်ဖြင့် မနောပွဲတော်ကို မုံးကိုးမြို့၊ ရပ်ကွက်(၄) ရှိဘောလုံးကွင်း၌စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း  သိရသည်။ အဆိုပါ မနောပွဲတော်အား တိုင်းရင်းသားလူမျိုးပေါင်းစုံကြား ဆက်ဆံရေး၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် ပေါင်း စည်းမှုပိုမိုမြှင့်တင်ရန်၊ အပြန်အလှန်ရိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်မှုကိုနက်ရှိုင်းစေရန်၊ အထူးဒေသ၏ လူမျိုးရေးတန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုပုံရိပ်ကောင်းပေါ်လွင်စေရန်ရည်ရွယ်၍ ကျင်းပရန်ပြင်ဆင်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မနောပွဲကျင်းပမည့် ဘောလုံးကွင်းအား ဘိလပ်မြေလမ်းခင်းခြင်း၊ ရှေးဟောင်းမနောတိုင်(မ နောရှေထိုင်)ကိုပြုပြင်မွမ်းမံခြင်း၊ လုပ်ငန်းဆောင်တာ အပြည့်အစုံပါဝင်သော မနောအိမ်သစ်ဆောက်လုပ်ခြင်း၊ ညပိုင်းဖျော်ဖြေပွဲစင်မြင့်၊ LED များကိုတပ်ဆင်ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

လဟယ်မြို့နယ်ဆေးရုံအတွက် တပ်မတော်အထူးကု ဆရာဝန်များစေလွှတ်ပေးခဲ့ကာ လိုအပ်ပါကထပ်မံစေ လွှတ်ပေးမည်

လဟယ်မြို့နယ်ဆေးရုံအတွက် တပ်မတော်အထူးကု ဆရာဝန်များစေလွှတ်ပေးခဲ့ကာ လိုအပ်ပါကထပ်မံစေ လွှတ်ပေးမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအားသီးခြားစီတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လဟယ်မြို့နယ်ဆေးရုံဆရာဝန်လိုအပ်ချက်အတွက် ၂၀၁၂ ခုနှစ်မှစတင်၍ နာဂဒေသအတွက် တပ်မတော် အထူးကုဆရာဝန်များကိုစေလွှတ်ပေးခဲ့ကာ လိုအပ် ချက်များရှိပါက ထပ်မံစေလွှတ်ပေးသွားမည်ဟု ပြော သည်။ " ဆေးရုံရှိရင် ဆရာဝန်ရှိရမှာဖြစ်တဲ့အတွက် ဆရာဝန်တွေခန့်အပ်ပေးသွားမှာဖြစ်ပါတယ်။ ဆေးရုံအတွက် လိုအပ်တဲ့ ကုသရေးဆိုင်ရာပစ္စည်းတွေကိုလည်း တတ်နိုင်သမျှဖြည့်ဆည်းပေးသွားပါမယ်"ဟု နိုင်ငံတော် ယာ ယီသမ္မတက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071