Saturday, June 21, 2025

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့်...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို...

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက...

ကာကွယ်ရေးအတွက် ငွေပိုသုံးရန် ယူအက်စ်ကတောင်းဆိုသဖြင့်ဂျပန်ကယူအက်စ်နှင့်အစည်းအဝေးကိုဖျ-က်သိမ်း

ကာကွယ်ရေးနှင့် ပတ်သက်ပြီး ငွေကိုပိုမိုသုံးစွဲရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က တောင်းဆိုခဲ့သဖြင့် ဂျပန်သည် ၎င်း၏ အဓိကမဟာမိတ် အမေရိကနှင့် အဆင့်မြင့်အရာရှိအဆင့် အစည်းအဝေးကို...
HomeInternationalဟောင်ကောင်၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး”...

ဟောင်ကောင်၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အုပ်ချုပ်မှုစနစ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ကြောင်း သမ္မတရှီကျင့်ဖျင် ပြောကြား

ဟောင်ကောင်၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အုပ်ချုပ်မှုစနစ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ကြောင်း သမ္မတရှီကျင့်ဖျင် ပြောကြား

ဟောင်ကောင်၊ ဇူလိုင် ၁ ရက်

ဟောင်ကောင်၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အုပ်ချုပ်မှုပုံစံကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့ ဘဏ္ဍာရေးအချက်အချာမြို့တော် ဟောင်ကောင်သို့ လာရောက်လည်ပတ်စဉ်‌ ဇူလိုင်လ ၁ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဗြိတိန်သည် ဟောင်ကောင်ကို တရုတ်အုပ်ချုပ်မှုအောက်သို့ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ရာ၌ ပေကျင်းသည် ဟောင်ကောင်အား ကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်သော ကိုယ်ပိုင်အခွင့်အရေးနှင့် တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှု များပါဝင်သည့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အုပ်ချုပ်မှုစနစ်အောက်တွင် အနည်းဆုံး ၂၀၄၇ ခုနှစ်အထိ ထိန်းသိမ်းအုပ်ချုပ် သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

သို့သော် ပေကျင်းသည် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီမိုကရေစီလိုလားသည့် လူထုဆန္ဒပြပွဲများအပြီး တစ်နှစ်အကြာ ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေး ဥပေဒေကို ပြင်းပြင်းထန်ထန် ပြဌာန်းလိုက်သည်။

ထို့ကြောင့် တရုတ်နိုင်ငံရေးဝေဖန်သူများက ပေကျင်းအာဏာပိုင်များကို ၎င်းတို့ ပေးထားသည့်ကတိများအား ၎င်းတို့ကိုယ်တိုင် ဖောက်ဖျက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

တရုတ်နှင့် ဟောင်ကောင်က အဆိုပါ ၂၀၂၀ခုနှစ် ပြဌာန်းဥပဒေသည် မြို့တော်အား မငြိမ်မသက်ဖြစ်မှုမှ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကာ ၎င်းစွပ်စွဲချက်များကို မမှန်ကန်ကြောင်း ပြန်လည်ချေပခဲ့သည်။

ထို့နောက် ရှီက တစ်နိုင်ငံ၊ စနစ်နှစ်မျိုး အုပ်ချုပ်မှုပုံစံသည် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော တရားစီရင်ပိုင်ခွင့်အောက်တွင် အောင်မြင်နေပြီး ယင်းကဲ့သို့ ကောင်းမွန်သည့် စနစ်အား ပြောင်းလဲသွားရန် အကြောင်းပြချက်မရှိကြောင်း ပြောကြားခဲ့သည်။

ရှီက ဟောင်ကောင်အား နောက်တစ်ကြိမ် ဖရိုဖရဲ မဖြစ်စေရန်နှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည့် အနှောက်အယှက်မှန်သမျှကို ဖယ်ရှားရပစ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးဗဟိုချက်တစ်ခုအဖြစ် ဟောင်ကောင်၏အခန်းကဏ္ဍကို ထောက်ခံမည်ဖြစ်ကြောင်း ရှီက ထပ်မံပြောကြားခဲ့သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ဇုန်အတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုးစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုး စေ့ဆောင်ရွက်လျက်ရှိမှုတို့ကို နစက ဥက္ကဋ္ဌအား ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်တာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးကွက်အတွင်းသို့လတ်ဆက်စွာဖြင့်...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့် အီရန်ရှိ အမေရိကန်နိုင်ငံသားများ သည်အန္တရာယ်ရှိနေသည်ဟု သောကြာနေ့က အခြေအနေအစီရင်ခံစာ အသေးစိတ်တွင် ဖော်ပြခဲ့သည်။        အီရန်တွင်ရှိနေသည့် အမေရိကန်နိုင်ငံသား အရေအတွက်အတိအကျကို မသိရဘဲ နိုင်ငံခြားရေးဌာနအနေဖြင့် ပြည်ပရောက် အမေရိကန်နိုင်ငံသားများကို မှတ်ပုံတင်ရန် မလိုအပ်ပေ။          အမေရိကသည် အစ္စရေးရှိ သိန်းနှင့် ချီသော အမေရိကန်နိုင်ငံသားများကို နိုင်ငံမှ ပြန်ခေါ်ထုတ်ရန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များကိုလုပ်ဆောင်နေသကဲ့သို့ အီရန်ရောက် နိုင်ငံသားများအတွက်မူ ယင်းအစီအစဉ်များကို...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို ပြောခဲ့ကြောင်းပူတင်ဖွင့်ဟ

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက သတင်းဖော်ပြခဲ့သည်။           “ရုရှားသာမကဘူး အိုင်အေအီးအေ(နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ) ကလည်း အီရန်တို့ နျူကလီးယားလက်နက် ရရှိဖို့ ပြင်ဆင်နေတဲ့ အထောက်အထားမျိုး လုံး၀ မတွေ့ခဲ့တာကြောင့် အစ္စရေးခေါင်းဆောင်တွေကို ငါတို့အကြိမ်ကြိမ် သတိပေးခဲ့ကြပါတယ်” ဟု ပူတင်က ပြောခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက ဖော်ပြသည်။       ငြိမ်းချမ်းသောလုပ်ရပ်အတွက်ရည်ရွယ်သော နျူကလီးယားအစီအစဉ်အတွက် ရုရှားက အီရန်ကို ထောက်ခံပံ့ပိုးရန် အသင့်ရှိကြောင်းနှင့် အီရန်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071