ဟောင်ကောင်အသင်းကို အကောင်းဆုံး ပြန်လည် ယှဉ်ပြိုင်ကစားလာနိုင်သည့် မြန်မာဘောလုံးအသင်း
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့်နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ဂိုးမရှိသရေ ရလဒ် ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်ဟောင်ကောင် လက်ရွေးစင် အသင်းတို့သည် စက်တင်ဘာ ၂၄ ရက်၊ မြန်မာစံတော်ချိန် ညနေ (၆ နာရီ ၃၀ မိနစ်)တွင် ဟောင်ကောင်ရှိ Mong Kok Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်ဟောင်ကောင် လက်ရွေးစင် အသင်းတို့သည် ပထမ ခြေစမ်းပွဲအဖြစ် စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၂-၀)ဂိုးဖြင့် အရေးနိမ့်ထားသည့်အတွက် ယခုပွဲစဉ်တွင်ကစားသမား အပြောင်းအလဲများပြုလုပ်ကစားခဲ့သည်။