Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ...

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...
HomeInternationalဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

ဟောင်ကောင်လေယာဉ်ဆီယိုစိမ့်၍ ထိုင်ဝမ်သို့ပြောင်း၍ ဆင်းသက်ရ

နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ ဖူကူအိုကာမြို့သို့ ပျံသန်းနေသော ဟောင်ကောင်လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းသည် ဆီယိုစိမ့်မှု သံသယကြောင့် တိုင်ပေမြို့ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရသည်။

လေယာဉ်ခရီးစဉ်အမှတ် HX640 သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ကာ ဖူကူအိုကာမြို့သို့ ညနေ ၁း၅၅ နာရီတွင် ဆိုက်ရောက်ရန် စီစဉ်ထားသည်ဟု လေယာဉ်လမ်းကြောင်းခြေရာခံဝက်ဘက်ဆိုက်ဖြစ်သည့် Flightradar24 အရ သိရသည်။

ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းဌာန၏ မေးမြန်းမှုကို ဟောင်ကောင်လေကြောင်းလိုင်းက ပြန်လည်ဖြေကြားခဲ့ရာ၌ လေယာဉ်သည် နည်းပညာပိုင်း ပြဿနာကြောင့် လမ်းကြောင်းပြောင်းခဲ့ရခြင်းဖြစ်ကြောင်းနှင့် အဆင်မပြေရမှုများအတွက် တောင်းပန်ခဲ့သည်။

ကြိုတင်ကာကွယ်မှုအဖြစ် ရည်မှန်းရာသို့ ခရီးမဆက်မီ စေ့စေ့စပ်စပ် စစ်ဆေးရန် လေယာဉ်ကို ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်ဟု လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

ခရီးသည် ၂၈၃ ဦးနှင့် အမှုထမ်း ၁၃ ဦးပါဝင်သော လေယာဉ်သည် ညနေ ၁၂း၀၇ နာရီတွင် တိုင်ပေသို့ လုံခြုံဘေးကင်းစွာဆင်းသက်ခဲ့သည်ဟု သူက ပြောဆိုခဲ့ပြီး ခရီးသည်များကို ဒေသဆိုင်ရာ သယ်ယူပို့ဆောင်မှုနှင့် ဟိုတယ်အခန်းများ စီစဉ်ပေးခဲ့သည်လည်း ဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံမှအဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ ဖြစ်ပေါ်

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို ဖျ-က်သိမ်းခဲ့ရကြောင်း သတင်းရရှိသည်။ Qantas လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ ဆစ်ဒ်နီလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ် ၅၀ ကျော်မှာ မိနစ် ၉၀ အထိ ကြန့်ကြာခဲ့ရပြီး ပြည်တွင်းခရီးစဉ် ၄ ခုကို ဖျ-က်သိမ်းခဲ့ရကြောင်း သိရသည်။ Qantas အုပ်စုပိုင် လေယာဉ်ခ သက်သာသော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ဂျက်စတား၌လည်း ခရီးစဉ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071