Looking for something?

Explore the website

Looking for something?

Sunday, May 18, 2025

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed...

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ယခုမေ (၂၅)ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို...

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာတည် ဆောက်နေသည့်...

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာ တည်ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း ယမန်နေ့...

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့...

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...
HomeInternationalဟီရိုရှီးမားနှစ်ပတ်လည်နေ့တွင် ငြိမ်းချမ်းရေးရရှိရန်ဆုတောင်း

ဟီရိုရှီးမားနှစ်ပတ်လည်နေ့တွင် ငြိမ်းချမ်းရေးရရှိရန်ဆုတောင်း

ဟီရိုရှီးမားနှစ်ပတ်လည်နေ့တွင် ငြိမ်းချမ်းရေးရရှိရန်ဆုတောင်း

တိုကျို၊ဩဂုတ် ၆

ကမ္ဘာ့ပထမဆုံး အဏုမြူဗုံးကြဲချခံရမှု ၇၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဟီရိုရှီးမားတွင် နောက်ထပ်ယခုကဲ့သို့အဖြစ်မျိုးမကြံုစေရန် ငြိမ်းချမ်းရေးအတွက်ဆုတောင်းခဲ့ကြသည်။

ယူကရိန်းနိုင်ငံသို့ ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက် လက်နက်ပြိုင်ဆိုင်မှုအသစ်များဖြစ်‌ပေါ်လာနိုင်သည်ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူများက သတိပေးခဲ့သည်။


ရုရှားသည် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီးမကြာမီပင် ရုရှားသမ္မတဗလာဒီမာပူတင်က နျူကလီယား တိုက်ခိုက်မှုဖြစ်နိုင်ခြေကိုထုတ်ဖော်ခဲ့သည်။၎င်းတို့ကြားပဋိပက္ခသည် ယူကရိန်း၏ နျူကလီးယားစက်ရုံများ ဘေးကင်းရေးအပေါ် စိုးရိမ်မှုများလည်းတိုးမြင့်လာစေခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည်လည်း ၁၉၄၅ ခုနှစ်မကုန်မီက လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့သည့် ဗုံးကြဲခံရမှု နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ထောင်နှင့်ချီသော လူများစုဝေးရာ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ယခုကဲ့သို့ ကုလသမဂ္ဂကတက်ရောက်ခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။


“နျူကလီးယားလက်နက်တွေက အဓိပ္ပါယ်မရှိသလို သေကြေပျက်စီးခြင်းတွေ ဘေးကင်းလုံခြုံမှု မရှိတာတွေပဲဖြစ်စေပါတယ်” ဟု ဂူတာရက်စ်ကပြောကြားခဲ့သည်။မစ္စတာ ဂူတာရက်စ်က “အထူးစစ်ဆင်ရေး” ဟုအမည်တပ်ကာ ယူကရိန်းသို့ထိုးစစ်ဆင်ခဲ့သည့် ရုရှားအကြောင်းကို တိုက်ရိုက်ထုတ်မပြောသော်လည်း ဟီရိုရှီးမားမြို့တော်ဝန် မစ္စတာ “ခါဇုမိမာဆုအိ” ကမူဝေဖန်ခဲ့သည်။

ထို့နောက် “ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေးသည် နျူကလီးယား တားဆီးနိုင်မှုအပေါ် မူတည်သည်ဟူသော အယူအဆလည်း အရှိန်အဟုန်မြင့်ကာ တိုးတက်လာသည်” ဟု မာ‌ဆုအိ ကပြောခဲ့သည်။


၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် အ‌မေရိကန် B – 29 စစ်လေယာဉ် Enola Gay က ” Little Boy ” ဟု အမည်ပေးထားသော ဗုံးတစ်လုံးကိုကြဲချပြီး လူဦးရေသုံးသိန်းခွဲခန့်ရှိသော မြို့ကို ဖျက်ဆီးချေမှုန်းပစ်ခဲ့သည်။နောက်ပိုင်းတွင်လည်း အဆိုပါဗုံးမှရရှိသော ဒဏ်ရာများနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ ရောဂါများကြောင့်လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့သည်။

စနေနေ့က ပုစဉ်းရင်ကွဲများအော်မြည်သည့်အလား ငြိမ်းချမ်းရေးဆုတောင်းခေါင်းလောင်းသံများမြည်ကာ ဟီရိုရှီးမားဇာတိဖြစ်သူ ၀န်ကြီးချုပ်ဖူမီရိုကီရှီဒါအပါအဝင် ဂျပန်ပြည်သူများသည် ဗုံးကျ‌ ရောက်ပေါက်ကွဲခဲ့သည့် အချိန်အတိအကျ၌ ဝမ်းနည်းချင်းအထိမ်းအမှတ်အဖြစ် ခေတ္တငြိမ်သက်တိတ်ဆိတ်စွာ ရပ်၍ဂါရဝပြုခဲ့ကြသည်။

“နျူကလီးယားနဲ့မှ စစ်ကိုနိုင်မယ်ဆိုရင် ဘယ်တော့မှမတိုက်ပါဘူးလို့ ဒီနှစ်အစပိုင်းမှာ နျူကလီးယားလက်နက်နိုင်ငံ ငါးနိုင်ငံက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်” ဟု မာဆုအိက ထပ်လောင်းပြောကြားခဲ့သည်။

“သူတို့ကတိတည်ဖို့ ဘာကြောင့် မကြိုးစားကြတာလဲ၊တစ်ချို့က နျူပါသုံးနိုင်တယ်ဆိုတဲ့ စကားတွေ၊အသုံးပြုချင်တဲ့ အရိပ်အယောင်တွေ ဘာလို့ပြနေကြတာလဲ” ဟု မာဆုအိကမေးခွန်းထုတ်ခဲ့သည်။

သို့သော် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mikhail Galuzin က ပန်းခြံအတွင်းရှိ အမှတ်တရကျောက်တိုင်တွင် ပန်းစည်းဖြင့်ဂါရဝပြုခဲ့ပြီး ၎င်း၏နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ အသုံးပြုမည်မဟုတ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။ 

လာမည့်နှစ်တွင် ဟီရိုရှီးမားကို G – 7 ထိပ်သီးအစည်းအဝေးအတွက် ကျင်းပမည့်နေရာအဖြစ် ရွေးချယ်ထားသည့် ဝန်ကြီးချုပ်ကီရှီဒါက နျူကလီးယားလက်နက်များကို စွန့်လွှတ်ရန်ကမ္ဘာကို တောင်းဆိုခဲ့သည်။

ဟီရိုရှီးမားကပ်ဆိုးကြီးတွင် သြဂုတ် ၉ ရက်က နာဂါဆာကီကိုအမေရိကန်စစ်တပ်၏ အဏုမြူဗုံးကြဲချမှုကြောင့် လူ ၇၅,၀၀၀ ကျော်ချက်ချင်းသေဆုံးခဲ့သည်။  နောက်ပိုင်းတွင်မူ ဂျပန်သည် ခြောက်ရက်အကြာတွင် လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာအသိုက်အဝန်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်ကြောင့် ဂူတာရက်စ်နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကီရှီဒါ ကပြောကြားခဲ့သည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်မည်

ရေကြီးရေလျှံဖြစ်စဉ်များအတွင်း ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရန် Speed Boat အသုံးပြုရှာဖွေကယ်ဆယ်ရေးသင်တန်း ယခုမေ (၂၅)ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးမှူး၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး Speed Boat များဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် စနစ်ကျပြီး စွမ်းရည်မြင့်မားသော ရေပြင်ရှာဖွေကယ်ဆယ်ရေးသမားများ မွေးထုတ်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် ကယ်ဆယ်ရေးသင်တန်းအခြေခံ တက်ရောက်ပြီးသူ၊ ရေကူးတတ်သူ၊ လိုအပ်ပါက ရေပြင်ကယ်ဆယ်ရေးတွင် ကုသိုလ်ပြုဆောင်ရွက်နိုင်သူ၊ ငလျှင်ကယ်ဆယ်ရေးကာလ၌...

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာတည် ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း သွားရောက်ကြည့်ရှူ

ငွေကျပ် (၃၀) ဘီလျံအသုံးပြုကာ တည်ဆောက်နေသည့် KBZ Center Mandalay အား KBZ Foundation နာယက ဦးအောင်ကို၀င်း ယမန်နေ့ မေလ (၁၇)ရက်က သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ စင်တာအား မန္တလေးငလျင်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းမှ ရဟန်းရှင်လူ ပြည်သူများကို ကာလရှည် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ပြီး KBZ Center Mandalay ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း x (၁၁၀) လမ်းရှိ (၁၆)...

တနင်္လာနေ့၌ ထရမ့်ပ်က ပူတင်/ဇယ်လန်းစကီးတို့နှင့် စကားပြောမည်

ဝါရှင်တန်၊မေ ၁၇ရုရှား-ယူကရိန်းအရေးအတွက် နှစ်ဖက်အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် လာမည့် တနင်္လာနေ့တွင် ရုရှားနှင့်ယူကရိန်းသမ္မတများကို သီးသီးခြားတွ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကပြောကြားခဲ့သည်။ “တနင်္လာနေ့မနက် ၁၀ နာရီမှာ သမ္မတပူတင်ကိုဖုန်းနဲ့ဆွေးနွေးသွားမှာပါ၊ ဆွေးနွေးမှာကတော့ တစ်ပတ်ကို ပျမ်းမျှ ယူကရိန်းနှင့်ရုရှားစစ်သား ၅,၀၀၀ ကျော်‌ေ-သဆုံးနေရတဲ့ သွေးချောင်းစီးစစ်ကြီးကိုရပ်တန့်ဖို့ပါပဲ။ ကုန်သွယ်ရေး ကိစ္စတွေလည်း ဆွေးနွေးမှာပါ” ဟု ထရမ့်ပ်ကပြောကြားခဲ့သည်။ ယင်းနောက်၎င်းအနေဖြင့် ယူကရိန်းသမ္မတဇယ်လန်းစကီးအပါအဝင် နေတိုးအဖွဲ့ဝင်များနှင့်ပါ အသီးသီးတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ အဆိုပါနေ့သည် အကျိုးရှိသောနေ့တစ်နေ့ဖြစ်လာကာ အပစ်အခတ်ရပ်စဲရေးသည် ဖြစ်လာလိမ့်မည်ဟု ယုံကြည်‌ကြောင်း ပြောကြားခဲ့သည်။ သောကြာနေ့က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲအပြီး၌ နှစ်ဖက်ကိုယ်စားလှယ်များသည် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများကို အသစ်တကြိမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071