Friday, June 20, 2025

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား...

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့်...

တောင်ငူ ခပေါင်းချောင်းရေ မြင့်တက်လာ အနိမ့်ပိုင်းရပ်ကွက်အချို့...

စစ်တောင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ငူမြို့၏ ခပေါင်းချောင်းရေ မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ရောက်နေကြောင်း ဒေသခံသတင်းရင်း မြစ်တစ်ဦးက ပြောသည်။ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၆၁၁) စင်တီမီ...
HomeNewsLocal Newsဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍတွင်...

ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများခွင့်ပြုပေးခဲ့

ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှု ပ်နှံမှုလုပ်ငန်း (၂) ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုတို့ကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀ ၂၅) အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာမိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၆,၆၁၃ ဒဿမ ၂၅၀) သန်း နှင့် အမေရိကန်ဒေါ်လာ (၀ ဒဿမ ၈၆၆) သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁၂၂၀) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်တွင်းဝန်ထမ်း (၂,၅၀၀) ဦး ထပ်မံတိုးမြှင့်ခန့်ထားမည့် ကုမ္ပဏီ (၁) ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၄) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသ ည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင် ယိုင်နဲ့နေခဲ့သဖြင့် ကားလေးများနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကားကြီးဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ကျိုးကျခဲ့ရခြင်းဖြစ်ပြီး ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာ(အနည်းငယ်)သာရရှိခဲ့ကြောင်း သိရသည်။ " လတ်တလောကတော့ အရင်ကရှိထားတဲ့အတိုင်း တံတားရှောင်ကွင်းလမ်းကဘဲသွားနေရတယ်။ အဲဒီ ရှောင်ကွင်းလမ်းက အရင်ထဲကကားကြီးတွေသွားဖို့လုပ်ပေးထားတာပါ။ လမ်းကမိုးရွာတာနဲ့ကားကြီးတွေသွားတာနဲ့ဆိုတော့ ရွှံ့တွေများတယ်။ ကားလေးတွေကတော့ဖြ-တ်သွားဖို့မလွယ်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်၌ နမ့်ကော်တံတားကျိုးကျသွားသဖြင့် ကုန်စည်စီးဆင်းမှုအချို့ပြ-တ်တောက်လျက်ရှိ၍ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများနှင့် မိမိတို့ကိုယ်ပိုင်လုပ်ငန်းများ၊ လုပ်ငန်းခွဲများ၌ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းခန့်အပ်လိုသူများအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီသို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ကော်မတီက လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ပြီး ညီညွတ်မှုရှိသည့် လျှောက်လွှာများကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး ဗဟိုကော်မတီ၏...

ဒုံးကျည်များစွာ မြောက်ကိုရီးယား ပ-စ်ခ-တ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားသည် ကြာသပတေးနေ့နံနက်တွင် မြို့တော်ပြုံယမ်းအနီးရှိ ဆူနန်မှ အနောက်မြောက်ဘက်ဆီသို့ ဒုံးကျည် ၁၂ စီးကျော် ပ-စ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကို ချက်ချင်းထုတ်ပြန်ခြင်းမရှိသေးပေ။ မြောက်ကိုရီးယားစစ်တပ်က ပ-စ်လွှတ်သည့် ဒုံးကျည်များကို တောင်ကိုရီးယားက ပုံမှန်အားဖြင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များအဖြစ် သတ်မှတ်‌လေ့ရှိသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအရ ပဲ့ထိန်းဒုံးကျည်များ အသုံးပြုခြင်းကို တားမြစ်ခြင်းခံထားရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071