အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရခန်းပြည်နယ်တွင် ရေကြီး၍ ရွာတစ်ရွာသည် ရေထဲ မျောပါသွားခဲ့ပြီးနောက် လူ ၅၀ ထက်မနည်း ပျေ-ာက်ဆုံးလျက်ရှိကြောင်း အင်န်ဒီတီဗီသတင်းဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ဒေသတွင်း ရုပ်သံလိုင်းများက ဖော်ပြသော ပြကွက်များတွင် တောင်ပေါ်မှ ရေများတဟုန်ထိုးကျဆင်းလာပြီး တောင်ခြေရှိ ကျေးရွာကို တိုက်စားသွားခဲ့ကာ ဟိမဝန္တာတောင်တန်းရှိ ဥတ္တာကာရှီမြို့တွင် နေအိမ်များသည်ရေစီးကြောင်းနောက်သို့ မျောပါသွားခဲ့သည်ကို တွေ့ရသည်။
ဥတ္တာကာရှီမြို့ ဟာရှီလ်ဒေသတွင် ရေတက်သဖြင့် ထိခို-က်ပျ-က်စီးမှုများဖြစ်နိုင်ကြောင်း ဥတ္တရခန်းပြည်နယ်ရဲတပ်ဖွဲ့က x ပေါ်တွင် ပို့စ်တင်ပြောကြားခဲ့ပြီး ဒေသခံများအနေဖြင့် မြစ်ချောင်းများအနီးသို မသွားကြရန် တိုက်တွန်းခဲ့သည်။
ဟိမဝန္တာတောင်တန်းပေါ်ရှိ ဥတ္တရခန်းပြည်နယ်တွင် ရေကြီးမှုနှင့် မြေပြိုမှုဖြစ်စဉ်များသည် ယခင်ကထက် ပိုမိုဖြစ်ပွားလာနေပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ယင်းသို့ဖြစ်ရခြင်း ဖြစ်သည်ဟု အချို့သိပ္ပံပညာရှင်များက ထောက်ပြခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
