Saturday, June 21, 2025

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်...

YBS 75 ယာဉ်လိုင်း လမ်းကြောင်း...

ခေတ်သစ်ဘုရင့် နောင်ကုမ္ပဏီလက် အောက်ရှိ YBS 75 ယာဉ်လိုင်းသည် ယမန်နေ့ ဇွန်လ (၂၀) ရက်က စတင်ကာ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။ တိုးချဲ့ပြေးဆွဲပေးသည့်...
HomeInternationalဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း ဟမ်ဘတ်ရဲတပ်ဖွဲ့က စနေနေ့တွင်ပြောကြားခဲ့သည်။

သောကြာနေ့ ညနေ ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီ) ခန့်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အသက် ၃၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးကို ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။

သံသယရှိသူတွင် စိတ်ကျန်းမာရေးချို့ယွင်းမှုရှိကြောင်း “အလွန်ခိုင်မာသော အထောက်အထား” ရှိပြီး တိုက်ခိုက်မှုမှာ နိုင်ငံရေးလှုံ့ဆော်မှုကြောင့်ဟူသည့် အထောက်အထားမတွေ့ရဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါအမျိုးသမီးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်ပြီး တရားရုံးသို့ တင်ပို့ရန် စီစဉ်ထားသည်။

တိုက်ခိုက်မှုသည် ပလက်ဖောင်း ၁၃ နှင့် ၁၄ ကြားတွင် ဖြစ်ပွားခဲ့ပြီး သံသယရှိသူသည် ရထားစောင့်ဆိုင်းနေသူများကို ဓ-ားဖြင့်ထို-းနှ-က်ခဲ့သော်လည်း ပလက်ဖောင်းပေါ်ရှိ လူနှစ်ဦးနှင့် အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုများ၏ “လျင်မြန်စွာ ကြားဝင်ဆောင်ရွက်မှု” ကြောင့် သူ့ကိုတားဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သံသယတရားခံ အမျိုးသမီးသည် မူ-းယ-စ်ဆေးဝါး သို့မဟုတ် အရက်‌ေ-သစာ သောက်သုံးထားခြင်းမရှိကြောင်းကိုလည်း ရဲတပ်ဖွဲ့က ဖြည့်စွက်ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ဂျာမန်ဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ်က တိုက်ခိုက်မှုကို “ထိတ်လန့်စရာကောင်းသည်” ဟု ပြောကြားခဲ့ပြီး မြေပြင်ရှိ အရေးပေါ်ကယ်ဆယ်ရေးဝန်ဆောင်မှုများကို “၎င်းတို့၏ လျင်မြန်သောအကူအညီ” အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍ အသုတ်လိုက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ "ဆေးရရှိမှုပေါ်မူတည်ပြီးထိုးပေးပါမယ် အသုတ်လိုက်ထိုးပေးပါမယ်နော်"ဟု ကျိုက်ထိုပြည်သူကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့အပြင် ကျောင်းနေအရွယ်ကလေးများအားလုံးကိုလည်း ၎င်းတို့တက်ရောက်နေသည့်ကျောင်းများ၌ သွားရောက်ထိုးနှံပေးမည်ဖြစ်သည်ဟု သိရသည်။ ယခုဇွန်လအတွင်း ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခဲရသူအမျိုး သား၂ဦး တွေ့ရှိသည့်အနက် ၁ ဦးမှာဆေး ရုံဆင်းခွင့် ရရှိပြီဖြစ်ကာ ကျန် ၁ဦးမှာ ဆေးဝါးဆက်လက် ကုသမှုခံယူနေရကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်နေ

ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း၌ ကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071