Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalဟနွိုင်သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော်ဖြစ်လာ

ဟနွိုင်သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော်ဖြစ်လာ

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်သည် မကြာသေးခင် ရက်သတ္တပတ်များအတွင်း၌ ထူထဲသောမီးခိုးမြူဖုံးလွှမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ကြီးများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ ယင်းအတွက်ကြောင့် အစိုးရက ပြဿနာ ပြေလျော့စေရေးအလို့ငှာ လျှပ်စစ်ကားများ(EVs) ပိုမိုအသုံးပြုရေး ကိုတွန်းအားပေးဆောင်ရွက်မည်ဟု ဆိုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှုသတင်းအချက်အလက်များကို ဖုန်းအက်ပ်တစ်ခုမှတဆင့် ဖော်ပြပေးနေသော လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်သော AirVisual ၏ အဆိုအရ ဇန်နဝါရီ ၃ ရက်နေ့နံနက်ပိုင်းတိုင်းတာချက်အရ ဟနွိုင်မြို့တော်တွင် PM2.5 ဟု ခေါ်သော လေထုအတွင်း အဆိပ်အတောက် အမှုန်အမွှားများပါဝင်မှုအဆင့်သည် တစ်ကုဗမီတာလျှင် ၂၆၆ မိုက်ခရိုဂရမ်ရှိခဲ့ကာ လေထုအညစ်ညမ်းဆုံးမြို့ကြီးများတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ဆိုခဲ့သည်။

အာရှတွင် စီးပွားရေး အလျင်မြန်ဆုံး တိုးတက်နေသည့် ဒေသတွင်း ကုန်ထုတ်လုပ်မှုအချက်အချာဖြစ်သော အရှေ့တောင်အာရှနိုင်ငံသည် ၎င်း၏ အဓိကမြို့ကြီးများ၌ လေထုညစ်ညမ်းမှုကို နှစ်များစွာ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရသည်။

အများအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ အမှိုက်မီးရှို့ခြင်းနှင့် စက်မှုလုပ်ငန်းများကြောင့် ထူထပ်သော မီးခိုးမြူများဖြစ်ပေါ်သည်။

မိမိတို့လို အသက်အရွယ်ကြီးသူများသည် အသက်ရှုရခက်စေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများကြုံလာပါက သိသိသာသာ ပိုခံစားရနိုင်သည်ဟု အသက် ၆၄ နှစ်အရွယ် မြို့ခံတစ်ဦးဖြစ်သူ လူမင်ဒပ်က ပြောဆိုခဲ့ပြီး လေထုအခြေအနေသည် မကြာခင်ကစ၍ ပိုဆိုးလာပုံရကြောင်း ဆိုခဲ့သည်။

ကြာသပတေးနေ့က သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခုတွင် လေထုညစ်ညမ်းမှုကို လျှော့ချရေးကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် လျှပ်စစ်ကားများ အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်လုပ်ဆောင်ရန် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်ဟာက တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

လက်ရှိအနေအထားအရ ဟနွိုင်သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် အနည်းဆုံး ဘတ်စ်ကား ၅၀ ရာခိုင်နှုန်းနှင့် တက္ကစီ ၁၀၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများဖြစ်စေရန် ရည်မှန်းထားကြောင်း သိရသည်။

Ref: တီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071