ဟန်ဇာမိုးဝင်းက အွန်လိုင်းမသုံးဖြစ်တာ၃လကျော်သွားခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်သွယ်မပြတ်ပါဘူးလို့ ဆိုပါတယ်။ ဒီလိုအဆက်သွယ်မပြတ်ခြင်းကလည်း သူ့ရဲ့ We Love အဖွဲ့က သူပွဲကပြရာနေရာတိုင်းကို လိုက်လံအားပေးကြပြီး သူ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို အွန်လိုင်းမှာ ပြန်တင်ပေးကြတဲ့ အတွက် ပရိသတ်တွေအနေနဲ့ ပွဲကချိန်တွင်းအချိန်နဲ့တစ်ပြေးညီ စဉ်ဆက်မပြတ် မြင်တွေ့ရပြီး အဆက်သွယ်ပြတ်သွားတယ်မရှိတာ ဖြစ်ကြောင်း သူကပြောပြပါတယ်။
” ကျွန်တော်ဘယ်နေရာဒေသမှာကပြနေတယ်ဆိုတာလည်း We Love အဖွဲ့ကအွန်လိုင်းမှာတင်ပေးတယ်။ ကိုယ့်အစ်မတွေ ညီမတွေလိုဖြစ်နေကြတော့ ကျွန်တော်ပြောချင်တာ တစ်ခုခု ရှိရင်လည်း ကျွန်တော်လှမ်းပြောလိုက်တယ်။ သူတို့က တင်ပေးကြတယ်။ အဲဒီ့တော့ ဏကဘူငခနဲ့ကျွန်တော် နဲ့က လုံးဝအဆက်အသွယ်မပြတ်ဘူး။ တစ်အားခင်မင်နေတဲ့သူ တွေကလည်း ဖေ့စ်ဘုတ်မှာမပြောဘူး။ ဖုန်းဆက်ပြီးလှမ်း ပြော ကြတယ်။
တစ်ခါတလေကျရင် ကျွန်တော်တို့က အချင်းချင်းစနောက် နေတာကိုတောင် ကျွန်တော်တို့ ရင်းနှီးမှုကိုမသိတဲ့လူတွေက ဝင်စိတ်ဆိုးတာတို့ ဝင်ပြောတာတို့ဖြစ်တဲ့ အခါကျတော့ အွန်လိုင်း မှာ ဘာမှမပြောဖြစ်တော့ဘဲ သူငယ်ချင်းတွေ အချင်းချင်းဖုန်းထဲမှာပဲပြောလိုက်တော့တယ်။ ကျွန်တော့်ကိုခင်မင်ရင်း နှီးတယ် ဆိုရင် အပြင်မှာရင်းရင်းနှီးနှီးဆက်ဆံတာမျိုးကိုပိုကြိုက် တယ်။ဖေ့စ်ဘုတ်မှာကျတော့ အမြင်တူတဲ့လူလည်း ရှိသလို အမြင်မတူတဲ့လူလည်းရှိတယ်။ ဒါကြောင့်အဲဒီမှာ သိပ် မပြောတော့ဘူး။ သိပ်လည်းမသုံးတော့ဘူး။ Public နဲ့ ဆက်ဆံဖို့အတွက်ကလည်း We Love အဖွဲ့ကြီးတစ်ဖွဲ့လုံးရှိနေတယ်။ ဒါကြောင့် ဖေ့စ်ဘုတ်က ကိုယ့်အတွက်သိပ်တော့ မလိုအပ်တော့သလို ဖြစ်နေတယ်” လို့ ဟန်ဇာမိုးဝင်းက ဖေ့စ်ဘုတ်မသုံးဖြစ်ရခြင်းအကြောင်းကို ပြောပြပါတယ်။
သူ့အနေနဲ့ကတော့ ဖေ့စ်ဘုတ်ကို ပြန်မသုံးချင်တော့ဘဲ နှစ်ရှည်လများသုံးခဲ့လွန်းအားကြီးခဲ့လို့ အချိန်မရွေးသုံး ဖြစ်ခဲ့ခြင်းတွေကြောင့်လည်း လူကြီးတွေနဲ့စကား ပြောဆိုတဲ့ အချိန်မှာ အာရုံတောင်မစိုက်နိုင်ခဲ့ဘဲ ဖေ့စ်ဘုတ်ထဲမှာပဲ စိတ်ကရောက်နေတာမျိုးတွေလည်းဖြစ်ခဲ့ကြောင်း ဖေ့စ်ဘုတ်ကိုဘဝလို့ ထင်မှတ်ပြီးတော့ ထိလို့မရတဲ့သူတွေ အများကြီးဖြစ်နေပြီဖြစ်ကြောင်း၊ အချိန်တွေ တော်တော်များများကို လှိုက်စားသွားနေတာဖေ့စ်ဘုတ်ပဲ ဖြစ်နေပြီး ဘာသာရေးနဲ့ စာအုပ်စာပေကို ဖတ်ရှုလေ့လာ ရမယ့် အချိန်တွေကိုပါ ဖေ့စ်ဘုတ်က အချိန်ယူနေ ကြောင်း၊ ဖေ့စ်ဘုတ်သုံးခြင်းက မကောင်းတာတွေချည်း ပဲဖြစ်နေတာမျိုးတော့မဟုတ်ဘဲကောင်းတာတွေလည်းရှိ ပါကြောင်းလည်း ဟန်ဇာမိုးဝင်းက သူ့ရဲ့အမြင်ကိုပြောပြပါတယ်။
လင်းအက္ခရာ