ယနေ့ ဇွန် ၂၉ ရက် ညနေပိုင်းအချိန်တွင် ၂၀၂၆ အာရှဖလားဝင်ခွင့် ခြေစစ်ပွဲစဉ်ကို မြန်မာ-တာ့ခ်မင့်နစ္စတန် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဟတ်ထရစ်ဂိုးများနှင့်အတူ ဂိုးမိုးရွာသွန်းခဲ့သည့်အလား ပြိုင်ဘက်အသင်းကို (၈)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဥ်၌ ကျောနံပါတ်(၁၂) ကွင်းလယ်ကစားသမား ဝင်းဝင်းက ဦးဆောင်ဂိုးအဖြင့် ဟတ်ထရစ်ဂိုး(၃)ဂိုးသွင်းယူခဲ့သလို ၊ကျောနံပါတ် ၂၁ ရှေ့တန်းကစား သမား ခင်မိုမိုထွန်းကလည်း (၂)ဂိုးသွင်းယူခဲ့သည်။
ထို့နည်းတူ ကျောနံပါတ် ၂၀ ရှေ့တန်းတိုက်စစ်မှူး စမ်းသော်သော်က (၁)ဂိုး၊
ကျောနံပါတ် ၁၃ တိုက်စစ်ကစားသမား မေထက်လူက(၁)ဂိုးနှင့် ကျော်နံပါတ်၁၆ ကွင်းလယ်ကစားသမား ရွှေရည်ထွန်းက (၁)ဂိုး အသီးသီးသွင်းယူခဲ့ကြခြင်းဖြစ် သည်။
ယခု ခြေစစ်ပွဲတွင် မြန်မာအသင်းအနေဖြင့် အုပ်စု(ဂ) တွင် တာ့ခ်မင့်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘာရိန်းအသင်းတို့နံ့ တွေ့ဆုံကြမည်ဖြစ်ပြီး ၊ ထို ၂၀၂၆ အာရှဖလား ဝင်ခွင့်ခြေစစ်ပွဲစဉ်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ် သည်။
လာမည့် ဇူလိုင်(၂)ရက်နေ့နှင့် ဇူလိုင်(၅) ရက်နေ့တို့တွင် မြန်မာအသင်းအနေဖြင့် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ် အသင်းတို့ဖြင့် ထပ်မံယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ် သည်။
ဟတ်ထရစ်ဂိုးများနှင့်အတူ ဂိုးမိုးရွာသွန်းခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း
