Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeCelebrities' Newsသရုပ်ဆောင်ဘက်ကို ဝါသနာမပါဘဲဂီတဘက်ကိုသာ အကောင်းဆုံးလုပ်ကိုင်နေတဲ့ဆွိဝတ်ရည်သောင်း

သရုပ်ဆောင်ဘက်ကို ဝါသနာမပါဘဲဂီတဘက်ကိုသာ အကောင်းဆုံးလုပ်ကိုင်နေတဲ့ဆွိဝတ်ရည်သောင်း

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာလောထဲမှာ ပြန်လည် အောင်မြင်မှုရရှိလာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက အနု ပညာအလုပ်တွေကို ကောင်းသည်ထက် ပိုကောင်းအောင် ကြိုးစားနေ တာကို တွေ့မြင်ရပါတယ်။ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ် ရည်သောင်းတို့ ညီအစ်မ သုံးယောက်စလုံးက အနုပညာကို စိတ်ဝင်စားသူ တွေဖြစ်ပြီး အငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းဟာ အစ်မနှစ်ယောက် နဲ့မတူတဲ့အရာက သရုပ်ဆောင်အလုပ်အပေါ် စိတ်မဝင်စားဘဲ ဂီတနဲ့ပဲ သူ့ရဲ့ရှေ့ ဆက်မယ့် အနာဂတ်ကို အလှပဆုံးဖြစ်အောင် ဖန်တီးပုံဖော်နေပါတယ်။ ငယ်ငယ် ကတည်းက သီချင်းတွေ သီဆိုရတာသဘော ကျပြီး သီချင်းတွေနဲ့ပဲ အနာဂတ်ကို ရှေ့ ဆက်ချင်တယ်လို့ ဆွိဝတ်ရည်သောင်းက …

“ညီအစ်မသုံးယောက်စလုံး အနုပညာကို စိတ်ဝင်စားကြတယ်။ ငယ်ငယ် ကတည်းကပေါ့။ ဒါပေမဲ့ အစ်မကြီး နှစ်ယောက်က သရုပ်ဆောင်ဘက်ကိုပဲ အဓိက လုပ်ကိုင်ကြတယ်။ ဒါကလည်း အစ်မတွေရဲ့ ဝါသနာက သရုပ်ဆောင်ဘက် ဖြစ်နေတာ ကိုး။ ညီမကျတော့ ငယ်ငယ်လေးကတည်းက သီချင်းတွေပဲ ဆိုချင်တာ။ ညီမချစ်တဲ့ ဂီတ ကို ပရိသတ်တွေဆီ ဘယ်လိုချပြရမလဲဆိုတာပဲ စဉ်းစားနေတာ။ နောက်ထပ်လည်း ညီမရဲ့သီချင်း တွေကို အများကြီး ပရိသတ်အတွက် ချပြပေးသွား မှာပါ”လို့ ပြောပါတယ်။

နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည် သောင်း နဲ့ ဆွိဝတ်ရည်သောင်း ဆိုပြီး ညီအစ်မ သုံးဦး ရှိတဲ့အထဲက အစ်မအကြီးဆုံးဖြစ်သူ နှင်းဝတ်ရည်သောင်းကလည်း အိမ်ထောင်ကျ ပြီး ခင်ပွန်းသည်နဲ့အတူ နိုင်ငံခြားမှာ သွား ရောက် နေထိုင်တာဖြစ်တဲ့အ တွက် ဒီမှာ ကျန်ရစ်ခဲ့တဲ့ အစ်မဖြစ် သူ အေးဝတ်ရည် သောင်းနဲ့ရော ဘယ်လိုကိစ္စမျိုးတွေကို တိုင်ပင် ဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာ တော့ ဆွိဝတ်ရည်သောင်း က…

“အစ်မနဲ့တွေ့ဆုံချိန်က နည်း တယ်။ သူက သိပ်အလုပ်များတော့ အိမ် မှာတောင် မတွေ့ဖြစ်ဘူး။ တစ်ခါတလေ ဖုန်းဆက်ပြီးတော့ ဘယ်မှာလဲ၊ ဘယ်သွား နေတာလဲဆိုတာ လှမ်းမေးရတယ်။ ဒါပေမဲ့ တွေ့ ဖြစ်တဲ့အချိန်မှာလည်း အစ်မကသူ့ရဲ့ အလုပ် ကိစ္စတွေ၊ ကျန်တဲ့အကြောင်းတွေရော ညီမတိုင်ပင် တယ်။ မအေးသောင်းကတော့ ညီမ အားကျရတဲ့ သူတစ်ယောက်ပါ။ သူအိမ်မှာဆိုရင်လည်း ညီမက အငယ်ဆိုပေမယ့် အဲဒီလိုချွဲတာတို့ ဘာတို့လည်းမရှိဘူး။ ပြီးတော့ သီချင်းတွေဆိုလည်း ညီမက စိုင်းထီးဆိုင်တို့၊ လူကြီးသီချင်း အေးအေးလေးတွေပဲ ကြိုက်တယ်။ မအေး သောင်းကတော့ အလွန်ချွဲပြီးနုရွတဲ့ သီချင်းတွေ ဘာ တွေဆိုလည်း လူငယ်ဆန်ဆန် ကြိုက်တယ်။ ချွဲချွဲ နွဲ့နွဲ့ လေးတွေ လုပ်တတ်တယ်။ ပြီးတော့ သူက သိပ် ကြောက်တတ်တယ်။ ညီမက သူ့အခန်းထဲ ဖားပြုတ် ထည့်ထားရင် သူအလွန်စိတ်ဆိုးတယ် (ရယ်လျက်)။ အဲဒီလို မျိုးလေးတွေတော့ ညီအစ်နှစ်ယောက် အတူ တူရှိနေတဲ့အချိန်မှာဆိုရင် အမှတ်တရတွေနဲ့ပဲ ဖြတ် သန်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071