စိုင်းစိုင်းခမ်းလှိုင်က ဝတ်မှုံရွှေရည် နဲ့အတူ ဝိညာဉ်ဟာသ ဇာတ်လမ်း ဖြစ်တဲ့ “ဂျုံးဂျုံးဂျက်ဂျက်” ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင် ထားပြီး ဒီဇာတ်ကားက သူတို့နှစ်ယောက် အတူ တွဲဖက် သရုပ်ဆောင်ထားတဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
“ဗီဒီယိုပဲဖြစ်ဖြစ် ရုပ်ရှင်ပဲ ဖြစ်ဖြစ် အားထုတ်ရတာချင်းက အတူတူပါပဲ။ ဗီဒီယိုက ကျွန်တော် နဲ့ သူနဲ့၂ကား ၃ကားလောက် ရိုက်ဖူးတယ်။ ပြီးတော့ ကြားထဲမှာလည်း ကျွန်တော်တို့ မခေါ်ကြဘူးပေါ့ဗျာ။ အခု ဒါလေးက ပြန်စရိုက်ဖြစ်တဲ့ ဇာတ်ကားပေါ့” လို့ သူတို့နှစ်ဦး ဇာတ် ကားပြန်လည် ရိုက်ကူး ဖြစ်ပုံကို စိုင်းစိုင်းခမ်းလှိုင် က ပြောပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုရတဲ့ အခါမှာ ကျေနပ် သဘောကျမိတယ်လို့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် က
“ဒီဇာတ်ကားက အစတုန်းက ဟာသဝတ္ထုစစ်စစ်ပါ။ ဟာသဝတ္ထု အတိုင်း ရိုက်ကူးမယ် ဆိုရင်လည်း အင်မတန် အောင်မြင်နိုင်မယ်လို့ သူများတွေက သုံးသပ်ကြတယ်။ ကျွန်တော် အနေနဲ့ကျတော့ ဟာသကြီး သက်သက်ကို အရမ်းကြီး အားမသန်ဘူး။ ကျွန်တော်ရယ်၊ ပရိုဂျူဆာ ရယ်၊ ဒါရိုက်တာရယ် ၃ယောက် တိုင်ပင်ပြီးတော့ ဆရာ ကိုမင်းခိုက်စိုးစန် ကို ဟာသနဲ့ရိုမန့် နှစ်ခု ပေါင်းပြီးတော့ ဇာတ် လမ်း လေးလည်း ရှိတဲ့ ဖလိုးလေးလည်း ရှိတဲ့ ဇာတ်လမ်း တစ်ခုကို ဆရာ ကိုမင်းခိုက်စိုးစန်က ပြန်လည်ပြုပြင် ပေးထားတာပါ။ ကျွန်တော် ကတော့ ကြိုက်ပါတယ်။ ကျွန်တော် တကယ် ကြိုက်မှ ရိုက်တာဆိုတော့ အခု နောက်ဆုံး ထွက်လာတဲ့ ဒီဇာတ် လမ်း လေး ကိုလည်း ကျွန်တော် ကြိုက်တယ်။ ဒီထဲမှာပါဝင်တဲ့ ကျွန်တော့် ရဲ့ကာရိုက်တာ၊ မင်းသမီးလေးရဲ့ ကာရိုက်တာ၊ နောက်ပြီး ဒီဇာတ်လမ်း ထဲမှာပါတဲ့ ပလော့လေးကို ကျွန်တော်ချစ်တယ်” လို့ ပြောပါတယ်။ ရုပ်ရှင် ဇာတ်ကားတွေကို အများကြီး မရိုက်ဖြစ်တဲ့ စိုင်းစိုင်း ခမ်းလှိုင် က တစ်နှစ်မှာ ရုပ်ရှင်တစ်ကား နှစ်ကားသာ ရိုက်ကူးဖြစ်ပြီး ကိုယ်တ ကယ်ကြိုက်တဲ့ ဇာတ်လမ်းတွေကို သာ ရွေးချယ် ရိုက်ကူး ဖြစ် တယ်လို့ ပြောပါ တယ်။ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်သင်္ကြန်ကို ရန်ကုန်မှာ ဖြတ်သန်းမှာဖြစ်ပြီး အရင်နှစ်တွေလို မဏ္ဍပ်မထိုးဖြစ်ပေမယ့် သူငယ်ချင်းတွေ မဏ္ဍပ်မှာ ရေပက် မှာဖြစ်သလို ရေပက်ခံလည်း ထွက်မှာဖြစ်ပြီး သူများတွေ နည်းတူ ပျော်မှာပါလို့ ပြောပါတယ်။
ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း