မဲဆွယ်စည်းရုံးမှုတွင် လူနေမှုစရိတ်ကြီးမြင့်ခြင်းနှင့် အိမ်ရာမလုံလောက်မှုတို့သည် အဓိအကြောင်းအရာဖြစ်ခဲ့သည့် သြစတြေးလျအထွေထွေရွေးကောက်ပွဲကို စနေနေ့တွင် စတင်လိုက်ပြီဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်နာရီကြာအချိန် ဇုန်သုံးခုခွဲ၍ မဲပေးခြင်းကို သြစတြေးလျအရှေ့ပိုင်းတွင် နံနက် ၈ နာရီမှ ည ၆ နာရီအထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။ သြစတြေးလျအနောက်ပိုင်းကမ်းရိုးတမ်းတွင် မဲရုံများဖွင့်ပြီး နောက်နှစ်နာရီအကြာတွင် ပိတ်မည်ဖြစ်သည်။ မဲပေးခွင့်ရှိသူ သြစတြေးလျနိုင်ငံသား ၁၈ ဒဿမ ၁ သန်းအနက် ၈ ဒဿမ ၆ သန်းသည် ကြိုတင်မဲပေးထားခဲ့ပြီးဖြစ်ကာ ဧပြီ ၂၂ ရက်ကစတင်ခဲ့သော ကြိုတင်မဲနှင့် စာတိုက်မဲများကို စနေနေ့တွင်မှ ရေတွက်မည်ဖြစ်သည်။
သြစတြေးလျ ရွေးကောက်ပွဲသည် ဗဟိုအစိုးရများ ဖွဲ့စည်းရန်ဖြစ်ပြီး မဲမပေးမနေရစနစ်ကို ကျင့်သုံးသော နိုင်ငံအနည်းငယ်တွင် ပါဝင်သည်။ ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၉၀ ရာခိုင်နှုန်းက မဲပေးခဲ့ကြသည်။
ဝန်ကြီးချုပ် အန်သိုနီအယ်ဘာနီးစ်၏ ဗဟိုလက်ဝဲ လေဘာပါတီသည် ဒုတိယသုံးနှစ်သက်တမ်းရွေးကောက်ခံရရန် ကြိုးပမ်းနေသည်။
သူ၏ ပြိုင်ဘက် ကွန်ဆာဗေးတစ် အတိုက်အခံခေါင်းဆောင် ပီတာဒပ်တွန်သည် ၁၉၃၁ ခုနှစ်နောက်ပိုင်း ပထမသက်တမ်းအစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်သည့် ပထမဆုံးနိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။
ရွေးကောက်ပွဲဝင် လေဘာပါတီသည် ပါတီများ အစိုးရဖွဲ့ရသည့် အမတ်နေရာ ၁၅၁ နေရာရှိ အောက်လွှတ်တော်တွင် ၇၈ နေရာဖြင့် ကျဉ်းမြောင်းသည့် အများစုနေရာကို ရရှိထားသည်။ ပြန်လည်ခွဲဝေမှုများကြောင့် လာမည့် ပါလီမန်သည့် အမတ်နေရာ ၁၅၀ ရှိမည်ဖြစ်သည်။
Liberal-National Coalition ဟု သိကြသည့် ဒပ်တွန်၏ ကွန်ဆာဗေးတစ်ပါတီများ မဟာမိတ်သည် ပြီးခဲ့သည့် ပါလီမန်တွင် အမတ်နေရာ ၅၃ နေရာရရှိခဲ့သည်။ အစိုးရ သို့မဟုတ် အတိုက်အခံတို့နှင့် မဟာမိတ်မပြုသော လွှတ်တော်အမတ်သည် ၁၉ ဦးဖြင့် စံချိန်တင်အရေအတွက် ရှိထားခဲ့သည်။
Ref: စီအက်ဖ်ပတ်ဘလစ်