သြစတြေးလျသည် ဂျပန်နိုင်ငံ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းက တည်ဆောက်သည့် မိုဂါမီအတန်အစား စစ်သင်္ဘော ၁၁ စီးဖြင့် ၎င်း၏ ရေတပ်ကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
သြစတြေးလျသည် ၂၀၂၃ ခုနှစ်တွင် ကြေညာခဲ့သော ကြီးမားသော စစ်ရေးပြန်လည်တည်ဆောက်မှုအစီအစဉ်ကို ဆောင်ရွက်နေပြီး တရုတ်၏ ရေတပ်အင်အားကို ကောင်းစွာတုန့်ပြန်နိုင်ရန်အတွက် တာဝေးတို-က်ခို-က်ရေးစွမ်းရည်များရရှိရေးကို အာရုံစိုက်လျက်ရှိသည်။
လာမည့် ၁၀ နှစ်အတွင်း ၎င်း၏ အဓိကစစ်သင်္ဘာအုပ်စုကို ၁၁ စီးမှ ၂၆ စီးအထိ တိုးမြှင့်သွားရန် ကြိုးစားနေခဲ့သည်။
“ဒါက သမိုင်းတလျှောက် ဂျပန်နဲ့ သြစတြေးလျအကြားချုပ်ဆိုခဲ့တဲ့ အကြီးဆုံးကာကွယ်ရေးလုပ်ငန်းဆိုင်ရာ သဘောတူညီချက်ဆိုတာက ပေါ်လွင်ပါတယ်” ဟု မာလက်စ်က ဒေါ်လာ ၆ ဘီလျံသဘောတူညီချက်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းသည် ဂျာမနီ၏ ThyssenKrupp Marine System အတွက်လည်း တင်ဒါရရှိထားသည်။
“သြစတြေးလျအတွက် အကောင်းဆုံးစွမ်းရည်ရရှိမှုအပေါ်မူတည်ပြီး ဒီဆုံးဖြတ်ချက်ကိုချခဲ့တာပါ” ဟု မာလက်စ်ကဆိုခဲ့ပြီး မိမိတို့အနေဖြင့် ဂျပန်နိုင်ငံနှင့် အလွန်နီးကပ်စွာ ညှိနှိုင်းမှုရှိကြောင်း ပြောကြားခဲ့သည်။
မိုဂါမီ အတန်းအစား စစ်သင်္ဘောများသည် အစွမ်းထက်လက်နက်များတပ်ဆင်ထားသည့် ခေတ်မီကိုယ်ပျေ−ာက် ဖရီးဂိတ်သင်္ဘောများဖြစ်သည်။
ပထမဆုံး မိုဂါမီအတန်းအစား သင်္ဘောသည် ၂၀၃၀ ပြည့်နှစ်တွင် တာဝန်ပေးနိုင်မည်ဖြစ်ကာ သြစတြေးလျ၏ သက်တမ်းရင့် Anzac အတန်းအစားသင်္ဘောအုပ်စု၏ နေရာတွင် အစားထိုးမည်ဖြစ်ကြောင်း မာလက်စ်ကပြောကြားခဲ့သည်။
မိုဂါမီ ဖရီးဂိတ်သည် သြစတြေးလျအတွက် အကောင်းဆုံး ဖရီးဂိတ်ဖြစ်ကြောင်း၊ ၎င်းသည် မျိုးဆက်သစ်ရေယာဉ်ဖြစ်ပြီး ကိုယ်ပျေ−ာက်စွမ်းရည်ရှိကြောင်းနှင့် တာဝေးပစ်ဒုံးကျည်များကို ဒေါင်လိုက်ပ−စ်လွှတ်နိုင်သည့် ပြောင်း ၃၂ ခုပါရှိကြောင်း မာလက်စ်က ပြောကြားခဲ့သည်။
အဆိုပါ ဖရီးဂိတ်သင်္ဘောသည် တားဝေးပစ် တိုမာဟော့ခ်ခရုဇ်ဒုံးကျည်များကို ပ−စ်လွှတ်နိုင်စွမ်းရှိသည်ဟု ကာကွယ်ရေးဝန်ကြီး ပက်ကွန်ရွိုင်ကပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
