ဘားအံမြို့ သံလွင်မြစ်ရေ နှင့် မဒေါက်မြို့ စစ်တောင်းမြစ်ရေသည် ယနေ့ ဩဂုတ် ၁၂ ရက်မနက်ပိုင်း တိုင်းတာချက်များအရ စိုးရိမ်ရေမှတ်အထက်မှာ တည်ရှိနေဆဲဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထုတ်ပြန်ထားသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေကျော်လွန်နေပြီ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ကို ၂ ပေခွဲခန့်ကျော်လွန်နေကြောင်း မိုးဇလက အသိပေးထားသည်။
ထိုကြောင့် ဘားအံမြို့နယ် နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနေထိုင်ကြရန်လည်း အသိပေးထားသည်။
