ငလျင်ကြီးအပြီး၌ သံနှင့်သံမဏိ အရည်အသွေး စစ်ဆေးရေးအတွက် ဓာတ်ခွဲခန်းများတည်ဆောက်ရန် ရှိနေသည်ဟု သိရသည်။
စက်မှုဝန်ကြီးဌာန၏ အဆိုအရ မြို့ကြီး(၄)မြို့တွင် သံနှင့်သံ မဏိ အရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းများကို တည် ဆောက်သွားမည်လည်း ဖြစ်သည်။
ထိုဓာတ်ခွဲခန်းများသည် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စ ည်းဖြစ်သည့် သံနှင့် သံမဏိချောင်းများကို စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရန် သံမဏိ မူဝါဒနှင့် အညီ အရည်အသွေး စစ်ဆေးနိုင်ရန်အတွက် ရည်ရွယ်သည်ဟုလ ည်း သိရသည်။
အဆိုပါ ဓာတ်ခွဲခန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များတွင် တည် ဆောက်မည်ဟုလည်း သိရသည်။
စစ်ဆေးမှုတွင်လည်း နိုင်ငံတကာ အသိအမှတ်ပြုအဖြစ်စစ် ဆေးသွားမည်ဖြစ်ကာ ပြည်တွင်းမှ ထုတ်လုပ်သည့် သံ၊ သံ မဏိချောင်းများနှင့် ပြည်ပမှ တင်သွင်းလာသည့် သံနှင့် သံ မဏိချောင်းများဟူ၍ (၂)ပိုင်းခွဲကာ စစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် စက်မှုဝန်ကြီးဌာနအနေဖြင့် မန္တလေးငလျင်ကြီးဖြစ် စဉ်ကို သင်ခန်းစာယူ၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်မှု စံနှုန်းများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စနစ်တကျစစ်ဆေးရန်အတွက် သံမဏိမူဝါဒ မူကြမ်းပြုစုရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
